နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm) မှာ ပြုလုပ်ခဲ့တဲ့ အာရှပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရယ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်တက်ရောက်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၂၃) ရက်က လီလီစထရွန်းမြို့မှာ နော်ဝေ-အာရှ ယဉ်ကျေးမှုအသင်း စီစဉ်ကျင်းပခဲ့တဲ့ အာရှပွဲတော်မှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ ကိုယ်စားပြုအဖွဲ့တွေက မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုအကတွေ၊ Fashion Talent Show တွေအပြင် ရိုးရာအစားအစာများ တည်ခင်းရောင်းချတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အာရှပွဲတော်ကို လီလီစထရွန်း မြို့တော်ဝန် Mr. Kjartan Berland၊ အလုပ်သမားဝန်ကြီး H.E. Tonje Brenna၊ နော်ဝေနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Nitivadee Manitkul၊ တောင်ကိုရီးယားသံအမတ်ကြီး Seo Min-jeong၊ ဂျပန်သံအမတ်ကြီး Akira Sugiyama တို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အာရှပွဲတော်မှာ နော်ဝေ-အာရှ ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်ဖြစ်တဲ့ CRPH Support Group, Norway က မြန်မာအဖွဲ့ကို ဦးဆောင်ကာ မြန်မာ့ရိုးရာအကနဲ့ ဝတ်စားဆင်ယင်မှုလမ်းလျှောက်ပြပွဲတွေကို တင်ဆက်ခဲ့ပြီး မြန်မာအစားအစာတွေ ရောင်းချကာ မြန်မာစစ်ဘေးရှောင် ပြည်သူတွေအတွက် ရံပုံငွေ ရှာဖွေရေး ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

CRPH Support Group, Norway ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ဝတ်မှုန်ဝင်းကလည်း မြန်မာယဉ်ကျေးမှုအဖွဲ့ကို ပရိသတ်နဲ့ မိတ်ဆက်ပေးရာမှာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်း ထည့်သွင်းပြောဆိုခဲ့တဲ့အပြင် နော်ဝေအစိုးရအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို မည့်သည့်အကြောင်းပြချက်နဲ့မျှ ထောက်ခံအားပေးတာ မပြုလုပ်ဖို့နဲ့ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကိုလည်း နော်ဝေအစိုးရနဲ့ ပြည်သူတွေ ကူညီထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာခရိုနီတချို့အပေါ် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းတာဟာ မင်းအောင်လှိုင်ရဲ့ပြန်စာနဲ့ မဆိုင်ဘူးလို့ အမေရိကန်ပြော

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” "ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ နိုင်ငံတကာကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ကနေဒါက ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

အစားအသောက် မကောင်းလို့ဆိုပြီး စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီးတဦး မလေးရှားတွင် ဓားထိုးသတ်ခံရ၊ သံသယတရားခံအဖြစ် မြန်မာ ၃ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။
Read More

အလုပ်သမားနေ့တွင် AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးဂေဟာကို မြေပိုင်ရှင် လာရောက်ဖျက်ဆီး

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။