ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) တို့ကို တစ်ရက်တည်းမှာပဲ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မနေ့က သြဂုတ်လ ၂၆ရက်၊ မနက် ၁၀ နာရီ ၄၃ မိနစ်အချိန်မှာ သံတောင်ကြီးမြို့နယ်အပိုင် တပ်မတော် တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်ရုံး) ကို BWM နဲ့ မဟာမိတ်အဖွဲ့တွေက ရှော့တိုက်ဒုံး ၉လုံး စတင်ပစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

အလားတူ မနေ့က မနက် ၁၀ နာရီ ၅၃မိနစ်အချိန်မှာပဲ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ရှိရာကိုပါ ရှော့တိုက်ဒုံး ၄လုံး ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ BWM က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ မြန်မာပြည်အနှံ့က ဒေါက်တိုင်တွေဖြစ်တဲ့ တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူး သင်တန်းတွေကို အဓိပေးနေတဲ့ သင်တန်းကျောင်းဖြစ်ပြီး သြဂုတ်လ ၂၅ရက်က ပြန်လည်စတင်တဲ့ သင်တန်းမှာ စစ်အရာရှိ ၄၀၀ ကျော် သင်တန်းလာတက်နေတယ်လို့ အတွင်းသတင်း အတိအကျ ရထားတဲ့အတွက် သင်တန်းချိန်အတွင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ BWM က ဆိုပါတယ်။

ဒါ့အပြင် ကရင်နီ၊ ကရင်နဲ့ ရှမ်းတောင်ဒေသတွေမှာ တိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေရဲ့ ဌာနချုပ်ဖြစ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို တိုက်ခိုက်ရင်း စစ်ရှုံးကော်မရှင်ရဲ့ စစ်တိုင်းဌာနချုပ်တွေကိုပါ ကာကွယ်နိုင်စွမ်းမရှိတဲ့အချက်ကိုပါ ပေါ်လွင်စေခဲ့ကြောင်း Brave Warriors For Myanmar တာဝန်ရှိသူက ပြောပါတယ်။

ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းအား ရှော့တိုက်ဒုံးများ ပစ်ခတ်နေစဥ်


“ဘုရင့်နောင်ပစ်ပြီးလို့ နာရီဝက်လောက်ကြာတော့ စစ်အုပ်စုဘက် လက်နက်ကြီး ၃လုံး ပြန်ပစ်ပါတယ်။ ဒါပေမယ့် ရဲဘော်အားလုံး ဘေးကင်းပါတယ်။ အဲ့လိုပဲ တပခကိုပစ်တော့လည်း ပစ်ပြီးပြီးချင်းမှာပဲ စက်တပ်လေထီးတွေ၊ လေယာဉ်တွေနဲ့ပါ ကင်းထောက် လိုက်ရှာတာကို ခံခဲ့ရပါတယ်။ နောက်ပြီး အဓိကအခက်အခဲကတော့ လမ်းခရီးနဲ့ ရာသီဥတုအခြေအနေပါပဲ။ ” လို့ Brave Warriors For Myanmar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို BWM ရဲ့ ဦးဆောင်မှုနဲ့အတူ Mountain Knight Civilian Defense Force (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲ အဖွဲ့တို့က KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်ထဲက ကျေးရွာကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံး ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးဗုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အနန်းကွင်းဗျူဟာကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများသလို တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်သေဆုံးမှု ရှိနေ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ၆ လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုရဲ့ မြေပြင် ဝေဟင်စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ခိုင်မာဖို့ လိုအပ်ကြောင်း ချင်းညီနောင် တစ်နှစ်ပြည့်အခမ်းအနားမှာ NUG ယာယီသမ္မတ ပြောကြား

စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးနဲ့ တော်လှန်ရေးအင်အားစုတွေ ညီညွတ်ခိုင်မာ အားကောင်းနေဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

သဲကုန်းမြို့အဝင်အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပေါင်းတည် PDF တိုက်ခိုက်၊ ၄ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သဲကုန်းမြို့ မြို့အဝင်အထွက် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁ ) - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။