အာဏာသိမ်း စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းထဲမှာပါ delivery service (အမြန်ချောပို့) လုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။

စစ်အုပ်စုက အခု သြဂုတ်လထဲမှာ ဆေးဝါးတွေ အပါအဝင် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ကနေ ကုန်တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ ထိုးတက်လာနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ ပြည်တွင်းထဲက အမြန်ချောပို့ လုပ်ငန်းတွေကိုလည်း စစ်တပ်က ခတ္တရပ်ဆိုင်းထားပြီး ဘာအကြောင်းပြချက်မှလည်း မပေးဘူးလို့ Online ဈေးရောင်းသူတွေက ဆိုပါတယ်။

“အခုက နယ်စပ်လည်းပိတ်၊ air cargo လည်းပိတ်၊ အကုန်ပိတ်ထားတဲ့ကြားက ပြည်ပ မပြောနဲ့.. ပြည်တွင်းပို့တာတွေကိုတောင် ပို့မရဘူး လောလောဆယ်၊ deli သွားအပ်တယ်… deli ရုံးက လက်မခံဘူး ပို့မရဘူးပဲ ပြောတာ။ တချို့ ပို့လို့ရတယ်ဆိုပြီး လက်ခံထားတဲ့ ပစ္စည်းတွေတောင် လာပြန်ယူခိုင်းတယ် ပို့မရဘူးဆိုပြီး။ မေးတော့ ဂိတ်တွေကနေ ပေးမဖြတ်တာလို့တော့ သိထားတယ်” လို့ Online shop လုပ်ကိုင်နေသူ တစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်က လက်ရှိမှာ နယ်စပ်ကုန်းလမ်း၊ ရေကြောင်းလမ်းနဲ့ လေကြောင်း အားလုံးကို ကုန်စည်တင်သွင်းမှုတွေ ပိတ်ပင်ကန့်သတ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။

ပြည်ပက ကုန်ပစ္စည်းတွေကို လိုင်စင်မရှိဘဲ ပါဆယ်ပုံစံနဲ့ လေကြောင်းကနေ တင်သွင်းလာမှုကို စစ်အုပ်စုက တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့အတွက် စီးပွားရေးလုပ်ငန်းသုံးကုန်ပစ္စည်း ကီလိုအများအပြား တင်ပို့မှုကို ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတချို့လည်း ရပ်နားထားရပါတယ်။

ထိုင်း-မြန်မာ ကုန်တင်လေယာဉ် ဝန်ဆောင်မှုပေးနေတဲ့ New Light Cargo လုပ်ငန်းကလည်း Commercial Cargo Flight ခေတ္တရပ်နားတော့မယ်လို့ ဩဂုတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အမည်မဖော်လိုတဲ့ အမြန်ချောပို့လုပ်ငန်း လုပ်ကိုင်နေသူတစ်ယောက်ကလည်း “အခုက Skin Care တွေအစ အင်္ကျီတွေအဆုံး ဘာဆို ဘာမှပို့လို့မရဘူး။ ထိုင်း import မပြောနဲ့ ထိုင်းစာလေး ၁လုံးလောက်ပါရင်တောင် ပေးမဖြတ်ဘူးဖြစ်နေတာ။ ပြောနေကြတာတော့ ၃လလောက်ကတော့ ဒီလိုပဲ ကြပ်ဦးမယ် သိထားတယ်။ အခြေအနေကတော့ စောင့်ကြည့်ရဦးမှာပဲ” လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်ကစလို့ ထိုင်း-မြန်မာ တရားဝင် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေး တံတားကိုလည်း ယာယီ ပိတ်ထားတာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ ရေကြီးမှုနဲ့ စပါးပိုးကျရောက်မှု​တို့ကြောင့် ပြည်သူလူထု အခက်အခဲကြုံနေရ

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ စက်တင်ဘာ လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းလာရာ စက်တင်ဘာလ (၆) ရက်ကနေ (၁၀) ရက်နေ့အတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြည်သူတွေ ရေဘေး၊ မြေပြိုမှုဘေးနဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေ ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်နီမော် ကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ကျော်သေ၊ တော်လှန်ရေးရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ကျေးရွာက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

US ရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ် နေအိမ်ရှေ့တွင် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနဲ့ တရုတ်သံအမတ်ကြီးနေအိမ်ရှေ့မှာ အ​မေရိကန်ရောက် မြန်မာပြည်သူတွေက မြန်မာပြည် တစ်ကျော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။
Read More

ဗန်းမော်ကို သွားသည့် စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလွတ်မြောက်လာသူ ဒုရဲအုပ် (၁) ဦးနှင့် စစ်မှုထမ်း (၂) ဦး ကို PDF ထိန်းသိမ်းစောင့်ရှောက်ထား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဦးတည်ခုတ်မောင်းခဲ့တဲ့ အကြမ်းဖက် စစ်တပ်သင်္ဘောအုပ်စုင ဒုရဲအုပ် (၁) ယောက်နဲ့ အဓမ္မလူသစ်စုဆောင်းခံရတဲ့ စစ်မှုထမ်းစစ်သား (၂) ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းရှိ စစ်အုပ်စုတပ်စွဲရာ ရွာကို ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၄ ဦး သေပြီး ပကဖတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်အုပ်စုအထိုင်ချနေရာကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၄ ယောက်ထက်မနည်း သေဆုံးပြီး ပကဖတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ကြောင်ရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစု မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနဲ့ မိသားစု မတရားသတ်ဖြတ်ခံရမှု နှစ်လပြည့်အဖြစ် အမှုမှန်ပေါက်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။