ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ သမိုင်းဝင် ဂုတ်ထိပ်တံတား ပြိုကြပျက်စီးခဲ့တာဟာ စစ်တပ်ရဲ့ ဒရုန်းတွေကြောင့် ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်လော်ဘီချန်နယ်တွေကနေ ဂုတ်ထိပ်တံတားကို တော်လှန်ရေးတပ်တွေ မိုင်းခွဲလိုက်တာကြောင့် ပျက်စီးကုန်ပြီဆိုပြီး သတင်းတွေ ဖြန့်ခဲ့တာဖြစ်ပါတယ်။

တကယ်တမ်း စစ်တပ်ဟာ နောင်ချိုမြို့ကနေ တော်လှန်ရေးပူးပေါင်းတပ်တွေရှိတဲ့ ကျောက်မဲဘက်ကို လက်နက်ကြီးပစ်တာ၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ အစဉ်မပြတ် လုပ်ဆောင်နေခဲ့တာပဲ ဖြစ်ပါတယ်။

အခု ဂုတ်ထိပ်တံတားဖြစ်စဉ်မှာလည်း စစ်တပ်ဘက်က ဒရုန်းတွေဟာ TNLA တပ်ဖွဲ့ဝင်တွေရှိရာကို ပျံသန်းနေစဉ်မှာပဲ တံတားပေါ် ပျက်ကျပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဂုတ်ထိပ်တံတားရဲ့ တစ်ဖက်မှာ စစ်တပ်ရဲ့ စစ်ကြောင်းက ရောက်နေတယ်။ အဲ့ကနေမှာ ဒရုန်းအုပ်စုဖွဲ့ပြီး ပျံတာ TNLA အုပ်စုပေါ်ကို ဒရုန်းတွေ မရောက်ဘဲနဲ့ တံတားပေါ်မှာ ပြုတ်ကျသွားတဲ့ အနေအထားပါ။ ဒရုန်းအစီး အရေအတွက်နဲ့ ဒရုန်းပေါ်မှာ တပ်ဆင်ထားတဲ့ ယမ်း၊ ဗုံးအမျိုးအစားကို ကျနော်တို့ စိစစ်နေဆဲပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

စစ်တပ်က ဂုတ်ထိပ်တံတားကို သိမ်းဖို့ ကြိုးစားနေရတဲ့ အကြောင်းအရင်းဟာ နောင်ပိန်နဲ့ ထန်းတပင်ကို ရောက်နေတဲ့ စစ်တပ်အဖွဲ့တွေဟာ လက်နက်ရိက္ခာ အပြည့်အစုံမပါဘဲ ခါးဝတ်ခါးစား၊ လက်နက်အနည်းငယ်နဲ့သာ လူချည်းရောက်နေကြတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က ဂုတ်ထိပ်တံတားပြိုကျမှုဟာ TNLA ရဲ့ မိုင်းထောင် ဖျက်ဆီးမှုကြောင့် ဖြစ်တယ်လို့ ဝါဒဖြန့် စွပ်စွဲခဲ့သလို ဂုတ်ထိပ်တံတား ဖျက်ဆီးခံရမှုအတွက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့တောင် အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ထွက်ပြောခဲ့ပါသေးတယ်။

“အနေအထားကတော့ တံတားတဖက်ခြမ်းမှာ TNLA ရှိတယ်။ တဖက်ခြမ်းမှာ စစ်တပ်အုပ်စုတွေ ရှိနေတယ်။ အဲ့ဒါကတော့ သေချာပေါက် သိရှိရတဲ့ အနေအထားပါ” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်တပ်က အင်အားထပ်ဖြည့်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ

ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ် အာရှလမ်းတလျှောက်မှာ အကြမ်းဖက်စစ်တပ်က အင်အားတွေထက်မံဖြည့်တင်းလာနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်း မြေပြင်မတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

လွတ်လပ်ပြီး တရားမျှတသည်ဆိုတဲ့ ရွေးကောက်ပွဲအတုတွင် မပြိုင်ရသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရနေ

အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ USDP ဟာ စစ်တပ်ကပဲ စီစဥ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ မစတင်ခင်အချိန်မှာ လွှတ်တော်အမတ်နေရာ ၂၈ နေရာကို အနိုင်ရနေပြီ ဖြစ်ပါတယ်။
Read More

ကျောင်းပို့သည့် ဆိုင်ကယ်ကို ကားဝင်တိုက်ပြီး ကျောင်းသား ၂ဦးနှင့် အမျိုးသမီး ၁ဦး စိုးရိမ်ရ

“ထိတာက ကလေးက ခြေထောက်ထိတယ်။ ခေါင်းတွေထိတယ်။ လွင့်ထွက်သွားတာဆိုတော့ ဘာတွေကျိုးကုန်မှန်းတော့ မသိဘူး။ ဓာတ်မှန်တွေဘာတွေရိုက်မှ သိရမယ်။ ကားကကျော်တက်ပြီး အနောက်ကနေ တိုက်သွားတာ.. ကလေးတွေနဲ့ ကျောင်းသားမိဘတစ်ယောက်က အခြေအနေမကောင်းလို့ ဘားအံကို ပို့ထားလိုက်တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရလို့ ရွာမှာပဲကျန်ခဲ့တာ” လို့ ကမမောင်း နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိဟု စစ်တမ်းကောက်ယူမှုအရ သိရ 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် အတုအယောင်‌ ရွေးကောက်ပွဲကို မယုံကြည်တဲ့သူဟာ ၉၈ ရာခိုင်နှုန်းရှိတယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်း၊ ထုံးဘိုကြီးရွာအထွက်တွင် ရွာမီးရှို့လာသည့် စစ်တပ်နှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ အထိနာပြီး အရပ်သားများကို ဖမ်းဆီးရင်း စျေးဆိုင်နှင့် နေအိမ်များကို ဖျက်ဆီးသွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အရပ်သားနေအိမ်တွေနဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်တွေ အထိနာပြီး ဆုတ်ခွာသွားတယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်းကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။