စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ တော်လှန်ပြည်သူတွေကို ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) B-102 က အတူလက်တွဲဖို့ ဖိတ်ခေါ်နေပါတယ်။ 

”လူငယ်တို့၏ အညွန့်အတက်များကို ရိုက်ချိုးလေ့ရှိသော အာဏာရှင်ကို သင်ကိုယ်တိုင်ကြုံတွေ့နေရပြီ မိတ်ဆွေ။ ခင်ဗျားက လူငယ်တစ်ယောက်အနေနဲ့ ဘာသိဘာသာနေတတ်တဲ့လူမျိုးလား ( or ) ယနေ့ခေတ်မျက်မှောက်ကို သင်ကိုယ်တိုင် ဝင်ဖြေရှင်းမယ့် လူမျိုးလား”လို့ SSNDF / KNDF B-102 က မေးခွန်းထုတ်ထားပါတယ်။ 

စစ်မှန်ပြီး လွတ်လပ်တဲ့ လူငယ်တွေရဲ့ အခွင့်အရေးကို ဆုံးရှုံးနေရတယ်လို့ ခံစားနေရတဲ့ ပြည်တွင်းပြည်ပရှိ ပြည်သူတွေအနေနဲ့ SSNDF / KNDF B-102 နဲ့ လက်တွဲပြီး စစ်အာဏာရှင်ကို တော်လှန်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

Video – SSNDF / KNDF B-102

0 Shares:
You May Also Like
Read More

ကလေးမြို့နယ်တောင်ပိုင်းက ဆေးရုံ ၂ ရုံကို စစ်တပ် ၂ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်၊ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဆေးရုံ ၂ ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ နှစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ ကျန်းမာရေးစေတနာ့ ဝန်ထမ်း ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People's Healthcare Network (Kalay) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ကနေ အမာခံသတင်းပေးလိုတဲ့ ဖရဲသီးများကို ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်နေ

စစ်တပ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် CDM လုပ်ဖို့ ခက်ခဲနေသူတွေကိုလည်း PreCDM (ဖရဲသီး)များ အဖြစ် ကြိုတင်စာရင်းပေးထားနိုင်သလို အသက်အန္တရာယ် စိုးရိမ်ရသူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများလည်း ပြုလုပ်ပေးနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ထီးချိုင့်က ဆုတ်ခွာလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်မှုအတွင်း ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Yaw Army – YA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီနှင့် နီးစပ်သူ ရခိုင်ခရိုနီ ဦးကျောက်တောင်၏ တောင်ကုတ်နှင့်​ မောင်​တောရှိ ပိုင်ဆိုင်မှုများကို AA ချိတ်ပိတ်သိမ်းဆည်း

အကြမ်းဖက်စစ်ကောင်စီနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ နာမည်ကြီး ရခိုင်လုပ်ငန်းရှင် သူဌေးကြီး ဦးကျောက်‌တောင်ရဲ့ တောင်ကုတ်မြို့နယ်နဲ့ မောင်တောမြို့နယ်က ပိုင်ဆိုင်မှုတွေကို အာရက္ခအမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ ရက္ခိုင်ပြည်သူ့အစိုးရက ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။
Read More

မြိတ်က စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဘုတ်လမ်းဆုံမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။