ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းမှာ ကျန်နေခဲ့တဲ့ ဒေသခံတွေကို ပစ်ခတ်ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က ဩဂုတ်လ ၂၃ ရက် မနက်ပိုင်းမှာ နောင်ပိန်ကျေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်တပ်ဟာ ကျေးရွာအတွင်းကျန်နေခဲ့တဲ့ ရွာခံတွေကို သေနတ်နဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့မိသားစုက ပိုက်ဆံနည်းနေလို့ဆိုပြီး မရှောင်တော့ဘဲ ရွာထဲ ကျန်နေခဲ့တာ။ လက်နက်ကြီးတွေကျတော့ ကုတင်အောက် ဝင်ပုန်းနေကြတယ်။ အဲ့ဒါကို စစ်သားတွေက အိမ်တံခါးဖွင့်ဝင်လာပြီး ကုတင်အောက်က ထွက်ခိုင်းပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်” လို့ သျှမ်းကျောင်းသားသမဂ္ဂအဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ မိသားစုမှာ အဖိုး၊ အဖေ၊ အမေနဲ့ ကလေး ၂ယောက်ရှိတာဖြစ်ပြီး အဖေဖြစ်သူ သေဆုံးသွားကာ အမေနဲ့ ကလေးတွေကတော့ ထိခိုက်ဒဏ်ရာတွေရရှိထားတယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်တွေဟာ ရွာထဲမှာ ပစ်ခတ်မှုတွေ လုပ်ဆောင်နေပြီး သေဆုံးမှုတွေ ထပ်ရှိပေမယ့် ကယ်ဆယ်ရေးအဖွဲ့တွေလည်း မဝင်ရောက်နိုင်ဘူးဖြစ်နေတယ်လို့ သိရပါတယ်။

“လူတွေကို သွားထုတ်လို့ မရသေးဘူး။ စစ်သားတွေကလည်း ရွာထဲမှာ ရောက်နေကြပြီ။ ဒီဖြစ်စဉ်ကတော့ မနေ့က ဖြစ်တာပါ။ အခုကတော့ ရွာနဲ့လည်း အဆက်အသွယ် ပြတ်သွားပြီ” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ စစ်တပ်တွေဟာ နောင်ပိန်ကနေ နောင်ချို-ကျောက်မဲလမ်းမကြီးပေါ်ရောက်ဖို့ ထိုးစစ်ဆင်နေပြီး TNLA နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ ကနဦး သိရပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့၊ မနက်ပိုင်းမှာလည်း စစ်တပ်ဟာ ဒေသခံတွေ စစ်ရှောင်နေတဲ့ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တီးရွာဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် စစ်ရှောင်ပြည်သူ ၁၀ယောက်ထက်မနည်း သေဆုံးပြီး ၁၂ယောက်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ဦးစီးပြုလုပ်သည့် အထူးတပ်ဖွဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့(SOS) က ပြုလုပ်တဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စက်တင်ဘာလ (၂၆) ရက်က စစ်ကိုင်းတိုင်း၊ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းအတွင်း ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေဆီ NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ သွားရောက်ကြည့်ရှု

ပဲခူးတိုင်းအတွင်း ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေဆီ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ သွားရောက်ပြီး ဆေးကုသမှုခံယူနေကြသူတွေ၊ ပြန်လည်ထူထောင်ရေးစခန်းမှာ တက်ရောက်နေသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလာင်ပျက်စီးခဲ့မှုအတွက် ပြန်လည်ဖြေဆိုရမည်ဟု စစ်ကောင်စီ ကြေညာ

အင်အားပြင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့တဲ့အတွက် ဒေသ ၄ ခုထက်မနည်းမှာ စာမေးပွဲ ပြန်လည်ဖြေဆိုရမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
Read More

မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းတွင် တနေ့တခြား စစ်ရေး ပိုမိုပြင်းထန်လာသည့်အတွက် ပြည်သူများ သတိပြုရန် MDY PDF အသိပေး

မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေဟာ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ လျာထားတဲ့ မြို့နယ်စာရင်းထဲမှာ ပါဝင်နေတဲ့အတွက် စစ်ကော်မရှင်တပ်က အဆိုပါ မြို့နယ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီး ၁ ယောက်က မိသားစုတွေ ခေါ်ဆောင်လာကာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်လာတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

နတ်မောက်နယ် မြင်းတဲကြီးရွာထဲက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးရွာထဲကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက်၊ မနက် ၇ နာရီလောက်မှာ မြင်းတဲကြီးရွာကနေ အင်အား ၉၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၁ နာရီခွဲခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။