အလှူရှင်တွေထံက ရန်ပုံငွေ ဒေါ်လာသန်းပေါင်းများစွာ ဖြတ်တောက်ခြင်းနဲ့ ကုလသမဂ္ဂရဲ့ ကုန်ကျစရိတ် ဖြတ်တောက်ခြင်းတွေက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရှာဖွေရေး ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအကြီးအကဲက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့ အကြီးအကဲ Nicholas Koumjian က အခုလိုနောက်ပြန်ဆွဲမှုဟာ ကျူးလွန်သူတွေ တရားမျှတမှုရရှိရေး ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်မှာစိုးရိမ်ကြောင်း ပြောဆိုပါတယ်။

ကျွန်တော်တို့တွေ လုပ်နိုင်စွမ်း ပျောက်ဆုံးသွားတာကြောင့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအပေါ် သက်ရောက်မှုရှိလိမ့်မယ်” လို့ သူက ပြောပါတယ်။ ဒါဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရမယ်ဆိုတဲ့ သတင်းစကားဖြစ်သွားနိုင်သလို၊ ကျူးလွန်သူတွေကို စွဲချက်တင်ခံရမှာ မကြောက်နဲ့လို့ သတင်းစကားပါးသလို ဖြစ်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ ရာဇ၀တ်ခုံရုံး အပါအဝင် ရိုဟင်ဂျာတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှု စုံစမ်းစစ်ဆေးရေး တရားရေးရာတွေကို ထောက်လှမ်းရေးကူညီဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက IIMM ကို တည်ထောင်ထားတာဖြစ်ပါတယ်။ ၎င်းအနေနဲ့ ရိုဟင်ဂျာများအပေါ် ပြင်းထန်တဲ့ ချိုးဖောက်မှုတွေရှိကြောင်း အထောက်အထားတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကူညီပေးနေပါတယ်။

နှစ်ကုန်မှာ ရန်ပုံငွေထပ်မရဘူးဆိုရင် IIMM အနေနဲ့ open-source ပရောဂျက်နဲ့ ကလေးသူငယ်များအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးနေတဲ့ စီမံကိန်းနှစ်ခုစလုံးကို ရပ်တန့်ရမယ်လို့ Koumjian က ပြောကြားခဲ့ပါတယ်။

IIMM ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရိုဟင်ဂျာတွေအပေါ် စွပ်စွဲထားတဲ့ ရာဇ၀တ်မှုတွေကို သုတေသနပြုခြင်းနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ချိုးဖောက်မှုများ ပါဝင်ပါတယ်။ ICC၊ ICJ၊ အာဂျင်တီးနားနဲ့ ဗြိတိန်တို့ဆီ အထောက်အထားတွေ တင်သွင်းထားပါတယ်။

အလှူငွေဖြတ်တောက်ခံလိုက်ရတာက မျက်မြင်သက်သေ အကာအကွယ်ပေးရေးနဲ့ ဆွေးနွေးတိုင်ပင်ပေးရေး ဝန်ဆောင်မှုတွေကို ရပ်တန့်သွားစေတယ်လို့ Koumjian ကပြောပါတယ်။

“အဲဒါရဲ့ အကျိုးဆက်က အရမ်းကြီး ဖြစ်နိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ တခါတရံမှာ ကျနော်တို့က အသက်အန္တရာယ်ရှိတဲ့ လူတွေအတွက် အကူအညီတွေ ပေးရတာဖြစ်တယ်” လို့ သူက ပြောပါတယ်။

စစ်အုပ်စုရဲ့ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှု အထောက်အထားတွေ တွေ့ရှိထားကြောင်းလည်း IIMM က ယခုလထဲ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် Koumjian ရဲ့အဖွဲ့တွေဟာ ၂၀၁၇ ဖြစ်စဉ်အတွင်း အမုန်းစကားတွေ ဖြန့်ချီခဲ့တဲ့ ထောင်ချီတဲ့ လူမှုမီဒီယာပို့စ်တွေကို ဆန်းစစ်ကြည့်ခဲ့ပြီး စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အကောင့် ၄၃ ခု တွေ့ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

News-Reuters
0 Shares:
You May Also Like
Read More

အာဆီယံ၏ တည်မြဲမှုအတွက် ခိုင်မာသည့် ပြည်သူ့ဗဟိုပြုချဉ်းကပ်မှု လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

အာဆီယံအဖွဲ့ဟာ တည်မြဲနေမယ်ဆိုပေမယ့် ပြောင်းလဲလာတဲ့ ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ၂၀၄၅ ခုနှစ်အတွက် မျှော်မှန်းချက်တွေ ပြည့်မီစေဖို့ ရှေ့ဆက်လုပ်ဆောင်ရာမှာ ပြည်သူ့ဗဟိုပြု ချဉ်းကပ်မှုကို ခိုင်ခိုင်မာမာ ကျင့်သုံးသွားရမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောပါတယ်။
Read More

ဂျပန်နိုင်ငံ Sapporo (Hokkaido) နွေဦးသင်္ကြန်ပွဲတွင် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် မြန်မာ့အရေး အားပေးစကားပြောကြားခဲ့… (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံမှာ ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ Sapporo (Hokkaido) နွေဦးသင်္ကြန်ပွဲကို ဂျပန်နိုင်ငံ ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် စောဘလှသိန်းက နှစ်သစ်နှုတ်ခွန်းဆက်စကားနဲ့ မြန်မာနိုင်ငံအရေးအတွက် အားပေးစကားပြောကြားခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုးရီးယားရဲ့ လူဦးရေ ဆက်တိုက်ကျဆင်းနေသည့် ဒေသတွင် မြန်မာဒုက္ခသည်များအား နေထိုင်ခွင့်ပြုဖို့ အာဏာပိုင်များ ဆွေးနွေး

လူဦးရေ ဆက်တိုက်ကျဆင်းနေတဲ့ တောင်ကိုးရီးယားနိုင်ငံ၊ Gyeongsang ခရိုင်က Yeongyang ဒေသမှာ မြန်မာဒုက္ခသည် ၄၀ ခန့်ကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

ICC တရားသူကြီး ၂ ဦးနှင့် အမှုစစ် ၂ ဦးကို ထရမ့်အစိုးရ အရေးယူပိတ်ဆို့မှု ပြုလုပ်

အစ္စရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စစ်ဘက်ခုံရုံးပေါ်မှာ အရှိန်မြှင့်ဖိအားပေးတဲ့အပြင် အမေရိကန်အရာရှိတွေကိုပါ စုံစမ်းစစ်ဆေးဖို့ အရင်က ဆုံးဖြတ်ခဲ့ဖူးတဲ့ ICC ရဲ့ တရားသူကြီး ၂ ယောက်နဲ့ အမှုစစ် ၂ ယောက်အပေါ် ထရမ့်အစိုးရက အရေးယူပိတ်ဆို့မှုတွေကို ချမှတ်လိုက်ပါတယ်။
Read More

ထိုင်းမှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်၊ ၁၇ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းဘူးရီးခရိုင်မှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်သွားပြီး လူ (၁၇) ယောက်သေဆုံးကာ အယောက် (၄၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။  
Read More

ရုရှားအရာရှိများကို ငါးသလောက်ပေါင်း၊ လက်ဖက်သုပ်များဖြင့် မင်းအောင်လှိုင် ဧည့်ခံခဲ့ဟု စစ်အုပ်စု ထိန်းချုပ် သတင်းစာ ဖော်ပြ

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူဖိုရမ် (World Atomic Week 2025) တက်ဖို့ သွားရောက်တဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားအရာရှိတွေကို ငါးသလောက်ပေါင်း၊ လက်ဖက်သုပ်တွေနဲ့ ဧည့်ခံခဲ့တယ်လို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။