ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေး ၁ ယောက် သေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၂၃ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်က မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာက ဘုန်းကြီးကျောင်းကို တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းဆောင်၊ ဓမ္မာရုံနဲ့ ဇရပ်ဆောင် အများအပြား ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ကလေးငယ် ၁ ယောက် သေဆုံးပြီး ကျောင်းထိုင်ဆရာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကွမ်းစလန်းကျေးရွာ တာဝန်ရှိသူက “ကလေးတစ်ယောက်သေတယ် ပြီးတော့ ကျောင်းထိုင်ဆရာတော်ကို ထိတယ်၊ ဒဏ်ရာရတယ်၊ အခုက စာရင်းတွေလုပ်နေတုန်းပဲ အများကြီးထိတယ်ဆိုတော့ အခုထိစာရင်းတွေရှုပ်နေတုန်းပဲ အိမ်ထိတဲ့ဟာတွေရောရှိတယ် ” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောကြောင်း သိရပါတယ်။

ဓာတ်ပုံ – ဒေသခံ
0 Shares:
You May Also Like
Read More

ပင်လည်ဘူးတိုက်ပွဲကို ခိုးကြောင်ခိုးဝှက် ပို့ဆောင်ခံရသူတွေထဲက ဗိုလ်မှူး ဖြိုးကိုကိုဦး ထပ်မံသေဆုံးကြောင်း သတင်းထွက်လာပြီးနောက် တပ်အတွင်း တင်းကျပ်မှုတွေ ပိုများလာ

ပင်လည်ဘူးမြို့ကို ပို့ဆောင်ခံရတဲ့ ဂန့်ဂေါ ခလရ ၅၀ တပ်က စစ်ကောင်စီအဖွဲ့ဝင်တွေထဲ 2IC အဆင့်ရှိသူ ဗိုလ်မှူးဖြိုးကိုကိုဦး ဆေးကုသခွင့်မရတဲ့ ဒဏ်ရာနဲ့သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး တပ်တွင်းတင်းကြပ်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်သွားပြီဟု စစ်ကောင်စီ ထုတ်ပြန်

ဆိုးရွားပြင်းထန်တဲ့ အင်အားပြင်းငလျင်ကြောင့် ဒီနေ့ ဧပြီလ ၃ ရက်နေ့ မနက်အစောပိုင်းအထိ သေဆုံးသူ အရေအတွက် ၃၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀၀ ပြုလုပ်ထားပြီး လူပေါင်း ၄၄၇၀ သေဆုံးခဲ့ကြောင်း NUG ထုတ်ပြန်

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၂၀၀ လုပ်ဆောင်ထားပြီး အဆိုပါ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးဖြစ်သူနှင့် ရန်ဖြစ်သည့် အမျိုးသား စစ်မှုထမ်း ခေါ်ဆောင်သွားခြင်းခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်တူးကုန်းကျေးရွာက လူငယ်အမျိုးသား တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားနဲ့ ရန်ဖြစ်စကားများရာကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နပခ ကနေ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို CDF- Asho က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။