မကွေးတိုင်း ပေါက်မြို့နယ် ကပစ ၂၄ ကို သွားမယ့် စစ်ယာဉ်တန်းရဲ့ ရှေ့ပြေးစစ်တပ်စစ်ကြောင်းဟာ ရေယာဉ်တောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၁ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ပခုက္ကူမြို့ကနေ ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၄ ကို ရိက္ခာပို့ဖို့ ထွက်လာတဲ့ စစ်ယာဉ်တန်းရဲ့ ရှေ့ပြေးစစ်ကြောင်းဟာ ရေယာဉ်တောင်ရွာကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်ပြီး နေအိမ် ၃၁ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ သိရပါတယ်။

စစ်ယာဉ်တန်းဟာ သြဂုတ် ၂၀ ရက်က ပေါက်မြို့နယ် ကပစ ၂၄ သို့ ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

Video-နဂါးကြီး ဗိုလ်နီတိုး

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်အတွင်း ကျေးရွာတွေကို ဖျက်ဆီးဖို့ အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးစဉ်ကြီးကျေးရွာဘက်ကို အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုး လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Taung Tha People Defense Force မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း အလင်းဝင်လိုသည့် စစ်ကောင်စီတပ်သား ၃ ဦးကို Spring Warriors Column ရဲဘော်များ သွားရောက်ခေါ်ဆောင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား တွေထဲက အလင်းဝင်ချင်တဲ့ တပ်သား ၃ ယောက်ကို သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော် BPDF တည်ထောင်ခြင်း ၄ နှစ်ပြည့် ရဲဘော်များ၏ ဖြတ်သန်းမှုပုံရိပ်များ (ရုပ်/သံ)

ဗန်းမော် BPDF တည်ထောင်ခြင်း ၄ နှစ်ပြည့်အမှတ်တရ ရဲဘော်တွေရဲ့ ဖြတ်သန်းမှုပုံရိပ်တွေကို Bhamo People Defense Force - BPDF က ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။
Read More

ရန်ကုန်မြို့ လူစည်းကားရာ နေရာတစ်ခုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့က လူစည်းကားတဲ့ လမ်းတစ်နေရာမှာ "အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" စတဲ့ စာသားတွေကို ဆေးနီမှုတ်ရေးသားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ -မန္တလေးလမ်းပေါ် ခရီးသွားပြည်သူများထံ ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို အဓမ္မပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagar အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထီးခီးစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy အဖွဲ့က ဒီက‌နေ့ ထုတ်ပြန်လိုက်ပါတယ်။