အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမယ့် အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေကို ပိုမိုဒုက္ခပေးလာဖွယ်ရှိတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

မနေ့က မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်၊ (၂၉/၂၀၂၅) မှာ NUG ဝန်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အကြမ်းဖက်စစ်ကောင်စီက သြဂုတ်လ ၁၈ ရက်နေ့မှာ ရွေးကောက်ပွဲရက်ကို ကြေညာခဲ့ပြီး ရွေးကောက်ပွဲ မတိုင်ခင် ကာလတွေမှာ သူတို့ဘက်က လုပ်နိုင်စွမ်းရှိသမျှ ပြည်သူကို တိုးတိုးပြီး ဒုက္ခပေးလာဖွယ်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ဧရိယာတွေမှာ သူတို့ ရွေးကောက်ပွဲလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမှာ ဖြစ်ပါတယ်” လို့ NUG ဝန်ကြီးချုပ်က ပြောပါတယ်။

တော်လှန်ရေးအရှိန် မြှင့်လာလေလေ ရင်ဆိုင်စရာတွေက များလာလေလေ ဖြစ်တာကြောင့် သေသေချာချာ စီမံဆောင်ရွက်ပြီး ရင်ဆိုင်ဖြေရှင်းဖို့ကိုလည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းထားပါတယ်။

“အရပ်သားပြည်သူတွေအပေါ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာသလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်နေတာတွေ နေ့စဥ်နှင့်အမျှ ကြားနေရပါတယ်။ နိုင်ငံရေးအရတော့ တော်လှန်ရေးအရှိန် မြှင့်လာလေလေ ရင်ဆိုင်စရာတွေက များလာလေလေဖြစ်မှာက သဘာဝဖြစ်ပြီး ဒါကို ဘက်ပေါင်းစုံက သေသေချာချာ စီမံ ဆောင်ရွက်ပြီး ရင်ဆိုင်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်” လို့ မန်းဝင်းခိုင်သန်းက ပြောကြားထားပါတယ်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အနေနဲ့လည်း နိစ္စဓူဝ ဆောင်ရွက်နေကြတဲ့ကိစ္စတွေအပြင် လုံခြုံရေးဆိုင်ရာ ကိစ္စတွေကိုလည်း အထူးဂရုစိုက်ဖို့လိုတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအောင်မြင်ပြီးမြောက်နိုင်ဖို့အတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍစုံမှာ လုံ့လစိုက်၊ အားထည့်ပြီး ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမှာ ဖြစ်သလို ပေါ်ပေါက်လာမယ့် နိုင်ငံရေးအခြေအနေအားလုံးကိုလည်း စုစုစည်းစည်းနဲ့ ရင်ဆိုင်ကျော်ဖြတ်သွားကြဖို့ NUG ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

PDF တွေရဲ့ မြေမြှုပ်မိုင်းရှိတဲ့ သဲပုံပေါ်မှာ နေရာယူ ပစ်ခတ်နေတဲ့ စစ်သားတွေ မိုင်းခွဲခံရပြီး အရာရှိတစ်ယောက်အပါ ၉ယောက် သေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကွန်ပျုတာတက္ကသိုလ်ကို ထွက်လာတဲ့ စစ်ကောင်စီအိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က အရာရှိ ၁ယောက်အပါဝင် ၉ယောက်သေဆုံးခဲ့ကြောင်း PDF Kalay -Mine Team ထံက သိရပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်က စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ တောင်ပေါ်ကျောင်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (ဒူရက စစ်ကြောင်း) က သတင်းထုတ်ပြန်လာပါတယ်။
Read More

Non CDM တွေကို ဌာနလုံခြုံရေး လုပ်ဖို့ဆိုပြီး တစ်ဌာန ၅ ယောက်စီ စစ်သင်တန်း တက်ခိုင်းနေ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဌာနလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာတွင် စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဗုံး (၃၀) လုံးနှင့် အဆိပ်‌ငွေ့ဗုံး (၃) လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးအလုံး (၃၀) နဲ့ အဆိပ်ငွေ့ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်တွင် လယ်ရိတ်ဖို့သွားသည့် အမျိုးသား ၃ ဦး စစ်အုပ်စုထောင်ထားသည့်မိုင်း ထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ လယ်ရိတ်ဖို့သွားတဲ့ အမျိုးသား ၃ ယောက်ဟာ အကြမ်း ဖက်စစ်ကော်မရှင် ထောင်ထားတဲ့ မိုင်းထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့နယ်ထံက သိရပါတယ်။
Read More

မိုးဗြဲမြို့ လက်လွှတ်ရခြင်းအတွက် စိတ်ဓာတ်မကျရန်နှင့် စတေးမှုများ အလဟသမဖြစ်စေရေး ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းရန် မိုးဗြဲ PDF ကယ်ဆယ်ရေး ဆေးတပ်ဖွဲ့ ထုတ်ပြန်…

"မိုးဗြဲမြို့ ကျဆုံးသွားခြင်းဟာ မည်သူမည်ဝါရဲ့ အမှားကြောင့် လုံးဝမဟုတ်ခဲ့ပါ။ အားလုံး တာဝန်​ကျေကြပါတယ်။ တာဝန်​ကျေတယ်ဆိုတာထက် ပိုကြပါတယ်။ စစ်တပ်နဲ့ PNA ရဲ့ ၆လကျော် ထိုးစစ်ကို ခုခံကာကွယ်ရင်း ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်စွက်ပြီး အကောင်းဆုံး ပြန်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။" လို့ MPRT က ဆိုပါတယ်။