စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ပျူစောထီး ၄ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်က မုံရွာ-အရာတော်လမ်းပေါ် သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၁၁ ရက်မှာ တစ်ကြိမ်၊ သြဂုတ် ၁၂ ရက်မှာ တစ်ကြိမ်၊ သြဂုတ် ၁၄ ရက်မှာ တစ်ကြိမ်နဲ့ သြဂုတ် ၁၆ ရက်မှာ တစ်ကြိမ် စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်သားနဲ့ ပျူစောထီး ၄ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို  Danger Force – မုံရွာခရိုင် ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့နဲ့အတူ မုံရွာခရိုင်အမှတ် (၁၆) တပ်ရင်း၊ SRF PDF၊ CAF PDF၊ G-Z ညီနောင်၊ ကျားသစ်နက် LPDF၊ အရာတော်တိုက်နယ် (၈) ပကဖ၊ အရာတော်တိုက်နယ် (၁) ပကဖ၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်တိုက်နယ် (၈) ဒရုန်းတပ်ဖွဲ့ နဲ့ G-Z ညီနောင် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ ချစ်သုဝေ ဆုတောင်းပေး (ရုပ်/သံ)

မနက်ဖြန် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် တော်လှန်အနုပညာရှင် ချစ်သုဝေက ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ စစ်‌ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက်လာပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ တွဲကားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ ဝမ်ပေါင်ကုမ္ပဏီဆီ အကြမ်းဖက်စစ်သား အစောင့်တွေနဲ့ ပစ္စည်းတွေ သယ်နေတဲ့ တွဲကားတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ပြင်းအားမြင့်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်၊ တစ်ဘက်ဖွင့် ရှေ့ထွက်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်နဲ့ မိုင်းပွိုင့် ၃ နေရာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ် သေ့ဘောဘိုးစခန်းမကျစေရေး လက်နက်ကြီးနဲ့ ‌လေကြောင်းပစ်ကူပေးပြီး အပြင်းအထန် ခုခံတိုက်ခိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးစခန်းမကျစေရေး စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေပေးနေပြီး အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ရိက္ခာထွက်ရှာသည့် အကြမ်းဖက်စစ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှာ ဒီဇင်ဘာ ၆ ရက် နေ့လည်ပိုင်းက ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ကင်းပုန်းဝပ်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။