အာဏာသိမ်း စစ်ကော်မရှင်က သူတို့ရဲ့ ဟန်ပြရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ရက်မှာ ကျင်းပမယ်လို့ ကြေညာထားပြီး ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမယ့် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် ကြေညာလိုက်ပါတယ်။

တစ်နိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃ဝ ရှိတဲ့အထဲက စစ်ကော်မရှင်က သူတို့ ကောင်းကောင်းထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်ဖို့ စီစဥ်လာတာဖြစ်ပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း (၁) အဖြစ် ရန်ကုန်တိုင်းမှာ ၁၂ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၁၂ မြို့နယ်၊ မန္တလေးတိုင်းမှာ ၈ မြို့နယ်၊ နေပြည်တော်မှာ ၈ မြို့နယ်၊ ဧရာဝတီတိုင်း ၈ မြို့နယ်၊ မကွေးတိုင်း ၉ မြို့နယ်၊ ပဲခူးတိုင်း ၈ မြို့နယ်၊ တနင်္သာရီတိုင်း ၄ မြို့နယ် တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရွေးကောက်ပွဲ မဲပေးစက် အသုံးပြုပုံကို စစ်ကော်မရှင် သင်တန်းပေးနေစဥ်

ပြည်နယ်တွေအနေနဲ့ ကချင်ပြည်နယ်မှာ ၆ မြို့နယ်၊ ကရင်ပြည်နယ် ၃ မြို့နယ်၊ ကယားပြည်နယ် ၂ မြို့နယ်၊ ချင်းပြည်နယ် ၂ မြို့နယ်၊ မွန်ပြည်နယ် ၅ မြို့နယ်၊ ရခိုင်ပြည်နယ် ၃ မြို့နယ်နဲ့ ရှမ်းပြည်နယ် ၁၂ မြို့နယ်တို့မှာ ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ လက်လွှတ်ဆုံးရှုံးထားရတဲ့ မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ရေး အင်အားမြှင့် လုပ်ဆောင်လာနေတာလည်း တွေ့ရပါတယ်။

စစ်ကော်မရှင် သြဇာခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့အတွက် လက်ရှိမှာ နိုင်ငံရေးပါတီ ၆၁ ခုကို ပါတီမှတ်ပုံတင် ခွင့်ပြုထားတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေကတော့ အဆိုပါ ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချထားကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရွေးကောက်ပွဲ မဲပေးစက် အသုံးပြုပုံကို စစ်ကော်မရှင် သင်တန်းပေးနေစဥ်
0 Shares:
You May Also Like
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုယ်လက်ဆုံးရှုံးရဲဘော်တွေကို လစဉ်ထောက်ပံ့ငွေတွေ စတင်ပေးအပ်

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေကို လစဥ်ထောက်ပံ့မှုအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ကာ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်ကားကို နွားထိုးကြီး PDF ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၂ ဦး ထွက်ပြေးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၁ စီး ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကပစ (၆) နှင့် ၁၀ မိုင်သာ ကွာဝေးသည့် ညောင်ကျိုးတိုက်ပွဲ အပြင်းထန်ဆုံးအခြေအနေ ရောက်ရှိနေ၊ စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံးသွား

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) ကနေ ထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တိုက်ပွဲမှာ အပြင်းထန်ဆုံးအခြေအနေကို ရောက်ရှိနေပြီး စစ်တပ်ဘက်မှာ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ်  ကော်ဘရာစစ်ကြောင်းအဖွဲ့ခေါင်းဆောင် ဗိုလ်ဒါဘောနဲ့အဖွဲ့အား သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ကရင်ပြည်နယ်က စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပါတယ်။
Read More

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို တည်ဆောက်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးတွဲကြေညာ၊ MNDAA ရဲ့ ရှေ့မတိုးနောက်မဆုတ် ကြေညာချက်ကို တန်ပြန်ထုတ်ပြန်ခြင်းဟု လည်းဆို

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို အခြေခံမူများနဲ့ အညီ တည်ဆောက်သွားမယ်လို့ တော်လှန်ရေးအင်အားစု ၉ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စက်ဘီးဖြင့် စစ်ရှောင်ထွက်ပြေးသည့် သားအမိကို စစ်တပ် ဗုံးလိုက်ကြဲ၊ သားအမိ ၂ ဦးလုံး သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ရှောင်ထွက်ပြေးတဲ့ သားအမိ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ လိုက်လံဗုံးကြဲလို့ ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) ထံက သိရပါတယ်။