ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ခို အောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၉ ရက် မနေ့ နေ့လယ်ပိုင်းက ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ် တောင်းမြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းရှိ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၇၊ ပဲခူးခရိုင် ပကဖနဲ့ ကဝမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Bago District People’s Defense Organization

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို အရပ်သားပြည်သူများ အန္တရာယ်ကင်းစေဖို့ ဖယ်ရှားပေး (ရုပ်/သံ)

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B - 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့ ရှေ့တန်းမှ ပြန်လာသည့် CDF Matupi ရဲဘော်များကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရှေ့တန်းမှ ပြန်လာတဲ့ CDF Matupi ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ် ၇ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

ဖလမ်းမြို့နယ်အတွင်း တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီး (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ CNO/CNDF ပြောရေးဆိုခွင့် ရှိသူ ဆီက သိရပါတယ်။ 
Read More

ဘန်ကောက်မြို့လယ်စျေးတွင် သေနတ်သမား ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၄ ယောက်နဲ့ စျေးသည် ၁ ယောက် သေဆုံး (ရုပ်/သံ)

ဇူလိုင် ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ချာထူချက်စျေးမှာ သေနတ်သမား ၁ ယောက်က လုံခြုံရေး ၄ ယောက်နဲ့ စျေးသည် ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းက မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာကို ထပ်မံစစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။