မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်သွားမယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ မဲဆန္ဒနယ်ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်က တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမယ့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ မြို့နယ်အများစုကို အကြမ်းဖက်စစ်တပ်က လက်လွှတ်ဆုံးရှုံးထားရတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့မှာလည်း မြို့ပေါ် ဒေသတွေကလွဲလို့ ကျေးလက် ဒေသတွေမှာ အကြမ်းဖက်စစ်တပ်က အလုံးစုံ မစိုးမိုးနိုင်ဘဲ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆက်ပြီး ပြုလုပ်သွားမယ့် အပိုင်းလိုက် ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်တွေကိုလည်း ဆက်လက် ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက အပြင်းအထန် ကန့်ကွက်သလို အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ရှုတ်ချထားပြီး အာဆီယံကလည်း အားလုံးမပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဟာ ပဋိပက္ခတွေကို ပိုမိုဆိုးရွားလာစေမယ်လို့ ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်းရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (P23803) ရဲ့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ၂ ယောက် အပါအဝင် ရဲဘော်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ်စမတ်ပွဲတော်ကို သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းရဲ့ တပ်ရင်းဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူ ၉ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါက်တိုင်းတံတားဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၉ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမြိုနယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှ ပြန်လာသည့် 96 Soldiers-PDF ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို (ဓာတ်ပုံသတင်း)

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးနောက် ချင်းပြည်နယ်ကနေ အညာမြေဆီ ပြန်လည်ရောက်ရှိလာတဲ့ 96 Soldiers-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ရွှေမှာ စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်များ တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်၊ အရပ်သား ၁ ယောက် ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNA ပူးပေါင်းတပ်တွေရဲ့ ဒရုန်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် ဒဏ်ရာရပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အရက်ဆိုင်တွင် ပျူစောထီး ၃ ဦး ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ၃ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။