ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မ​တော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကော်မရှင်တပ်တွေက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဩဂုတ်လ ၁၈ ရက် ဒီနေ့ မနက် ၉ နာရီဝန်းကျင်အချိန်မှာ သီပေါမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အနောက်ရပ်ကွက်နဲ့ တောင်ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်ကို သိရှိသူ ဒေသခံ အမျိုးသမီး တစ်ယောက်က ”မြို့လယ် အနောက်ရပ်ကွက်နဲ့ တောင်ရပ်ကွက်မှာကျတယ်။ ၃ ဦးထိတယ်။ မိန်းကလေး ၁ ဦးက ဘယ်လက်ခလယ် ကြိုးသွားတယ်။ နောက်ထပ်မိန်းကလေးက ဘယ်ခြေ‌သလုံးအရိုးကြိုးသွားတယ်။ ယောကျ်ားလေးက ညာခြေသလုံး ကြိုးတယ်။ ဘယ်တင်ပါးလည်း ထိတယ်” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာသူတွေကတော့ အနော​က်ရပ်ကွက်နေ ၃၇ နှစ်အရွယ်နဲ့ ၆၇နှစ်အရွယ် အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက်ဖြစ်ပြီး နေအိမ်တချို့လည်း ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။

“အခုကတော့ ၃ယောက် ထိခိုက်တာ အတည်ပြုနိုင်ပါတယ်။ သေဆုံးကတော့ မရှိပါဘူး။ ဒဏ်ရာရတဲ့ ၃ ယောက်မှာ ၁ယောက် မစိုးရိမ်ရဘူး။ ၂ယောက်ကတော့ ပြင်းထန်ဒဏ်ရာပါ။ အခုက ပြည်သူတွေက မြို့ထဲမှာပဲ ဒီဘက်ရပ်ကွက် ဗုံးကြဲရင် ဟိုဘပ်ရပ်ကွက်ကို ပြောင်းနေ… အဲ့လိုပဲ ရွေ့ပြီးနေနေရတဲ့ အခြေအနေပါ” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်က မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက် ညနေပိုင်းကလည်း သီပေါမြို့၊ ပန်တိမ်တောင်ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ ပျူရွာကနေ ကင်းပတ်ထွက်လာတဲ့ စစ်အုပ်စု အသင့်စောင့်ကြိုတိုက်ခိုက်ခံရပြီး ၃ ယောက်သေ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေ စောင့်ကြိုပစ်ခတ်ခံရပြီး ၃ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း M.V.P Revolution Force အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို TNLA အမျိုးသမီး စစ်သည်တွေ ဦးဆောင်ပြုလုပ်ခဲ့…

တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ခြုံကြီးရွာကို စစ်အုပ်စုက ပုံမှားရိုက်စီးနင်းပြီး နိုင်ကျဥ်းတော်လှန်ရေးသမား ၁ ယောက် အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်​အုပ်စုက ခြုံကြီးရွာကို အလစ်အငိုက်ဝင်ရောက်စီးနင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ယောက်နဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ကာ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

စက်တင်ဘာလ ပထမပတ်အတွင်းမှာပင် ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထား

စက်တင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီ တောင်ပိုင်းတိုင်းဒေသအတွင်း ပြည်သူ ၃ဦးကို ရှင်းလင်းခဲ့ပြီး ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်လေဆိပ်တစ်ခုလုံးကို KIA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

NUG စစ်ဥပဒေချုပ်က မန္တလေးခရိုင် တပ်ရင်း‌ ၆ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊  စစ်ဥပဒေချုပ်၊ ဦးကျော်စိုးလင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း‌ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။