စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၁၇ ရက် မနေ့က မြို့နယ် ပအဖ က အမှုစီရင် ပြီးပြတ်ပြီးတဲ့ တရားမ၀င် မူးယစ်ဆေးဝါးတွေကို ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ ဆပ်ပြာခွက် (၈၈) ခွက်၊ ဘိန်းမဲ (၂) ပိဿာ (၂၅) ကျပ်သား နဲ့ WY စိတ်ကြွမူးယစ်ဆေးပြား (၅၆၀၀) ပြား တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအများစုမှာ အကြမ်းဖက်စစ်တပ်ရဲ့ အသုံးချခံ ပြည်သူတွေနဲ့ ဆင့်ပွားလက်သယ် တရားခံတွေဆီက ဖြစ်ပြီး တရားဥပဒေ နဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ ကန့်ဘလူ ပအဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ မျက်နှာစုံညီအစည်းအဝေး ပြုလုပ်

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက တပ်ခွဲအသီးသီးမှာရှိတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူးနဲ့အတူ အမှတ် (၉၄၂၀) တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးတို့က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

စစ်ကိုင်းကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မုံရွာ- မန္တလေးလမ်းပေါ်က မြင်းမူမြို့နယ်ထဲအ​ရောက်မှာ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကိုင်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂ယောက်သေပြီး ၆ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း BLDF-တပ်ခွဲ(အညာမိုင်း)တပ်ဖွဲ့ထံက သိရပါတယ်။ အောက်တိုဘာ ၂ ရက်၊ နေ့လည်ပိုင်းက စစ်ကိုင်းမြို့ဘက်ကနေ…
Read More

သိမ်ဇရပ်မြို့၊ ခမရ ၂၀၇ ၏ ကာကင်းစခန်းကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ခမရ ၂၀၇ အနီးရှိ ကာကင်းစခန်းကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တိုင်းပြည်အတွက် ငွေကို သုံးချင်ပေမယ့် ထင်တိုင်းကြဲ သုံးခွင့်မရဘူးလို့ မင်းအောင်လှိုင် ပြော

တိုင်းပြည်အတွက် ငွေကိုအသုံးပြုလိုပေမယ့် ဘတ်ဂျတ်ရှိနေတာနဲ့ စိတ်တိုင်းကျ အသုံးပြုခွင့်မရဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ အလှူငွေ ၃၂ ဘီလီယံကျော် ရရှိခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ညောင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး ၉ ယောက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်း လမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဝက်လူးရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ဦး သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါ (၁၄) ဦး ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ယောက် သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် (၁၄) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။