မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၇) ယောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၄ ရက် မနေ့က ညပိုင်းမှာ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်ဖိုက်တာက ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးခဲ့ပြီး (၇) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၇) လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်ကလည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့ရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို ပေါင် (၅၀၀) ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာမဏေ (၁) ပါး၊ ကလေး (၂) ယောက်၊ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား(၁) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၁) ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ အခုလအတွင်း လေကြောင်းအသုံးပြုပြီး မိုးကုတ်မြို့မှာ (၂) ကြိမ်၊ ကျောက်မဲမြို့နယ်မှာ (၁) ကြိမ်၊ သီပေါမြို့မှာ (၂) ကြိမ် ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေး (၃) ယောက်၊ သံဃာတော် (၂) ပါး၊ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁၁) ယောက် သေဆုံးခဲ့ရပြီး သံဃာတော် (၁) ပါး၊ အမျိုးသမီး (၅) ယောက်နဲ့ အမျိုးသား (၁၄)ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့  TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သြဂုတ်လအတွင်း TNLA စိုးမိုးနယ်မြေမှာ စစ်တပ်၏ လက်နက်ကြီးနှင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၄၆ ဦး သေဆုံး၊ ၅၅ ဦး ထိခိုက်ဒဏ်ရာရ

သြဂုတ်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့ မိုင်းလုံမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူ (၄၆) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူ (၅၅)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပစ်ချခဲ့သည့် စစ်ကောင်စီ တိုက်လေယာဉ်၏ ထပ်မံရရှိထားသည့် အပျက်အစီး မှတ်တမ်းဓာတ်ပုံများ၊ လေယာဥ် မြေပြင်နှင့် ထိသည့်နေရာမှ ရုပ်အလောင်း ၄ လောင်း သိမ်းဆည်ရမိခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပစ်ချခံခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီ တိုက်လေယာဉ်ရဲ့ ထပ်မံရရှိထားတဲ့ အပျက်အစီး မှတ်တမ်းဓာတ်ပုံတွေကို ​ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့မှာ ထပ်မံထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါတွင် အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်းကပ်အသိပေးခြင်းနဲ့ လုံခြုံရေးတိုးမြှင့်ခြင်းများ ရှိနေသော်လည်း ပြည်သူလူထု စိတ်ဝင်စားမှုမရှိ…

"ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကစလို့ ဂန့်ဂေါမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ရွေးကောက်ပွဲအတွက် မဲပေးနိုင်ကြသူများစာရင်းတွေ ကပ်ထားတယ်လို့သိရတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သွားမကြည့်ဘူး။ အယုံကြည်လည်းမရှိဘူး။ ပြည်သူ့ဆန္ဒမပါတဲ့ အတုယောင်ရွေးကောက်ပွဲ ဖြစ်နေလို့ပါ။" လို့ ဂန့်ဂေါဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ချိန် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ စစ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၅၄ ရက်ကြာ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအကြောင်း အသေးစိတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်…

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က တရားဝင်သတင်းထုတ်ပြန်လာပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေထိခိုက်မှုတွေရှိနိုင်ကြောင်း Freedom Revolution Force ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။