မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပိုင်းမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာ ၇ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ရက်နေ့၊ မနက်ပိုင်းက ညောင်ဦးမြို့နယ်၊ တောင်ဇင်းရဲစခန်းကနေ ထွက်ခွာလာတဲ့ အင်အား၂၀၀ ခန့်ပါ စစ်အုပ်စုတွေဟာ ရွာသစ်တောင်(ပြင်းဒိုင်း)ရွာဘက်ကို စစ်ကြောင်း၂ခု
ဖြန့်ထိုးလာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါစစ်ကြောင်းမှာ ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေပါဝင်ခဲ့ပြီး ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) တပ်ဖွဲ့ဝင်တွေက ချောင်းဝနဲ့ ရွာသစ်တောင်ရွာကြားတစ်နေရာအရောက်မှာ ပေပါမိုင်းပွိုင့်နဲ့ ပဒေသာမိုင်းပွိုင့်တွေ အသုံးပြု မိုင်းဆွဲတိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) က ထုတ်ပြန်ပါတယ်။

“စစ်ကြောင်းကနှစ်ကြောင်းဖြန့်ထိုးတာပါ။ တစ်ကြောင်းက တိုက်မိုင်းတွေနဲ့အသေပိတ်ထားတော့ အဲ့ဒီဘက်စစ်ကြောင်းက တိုက်မိုင်းပဒေသာမိတယ်။ နောက်တစ်ကြောင်းက ပေပါပါတဲ့ ​ပဒေသာပွိုင့်တွေဆွဲလိုက်တာပါ။ မိုင်းပေပါမိတဲ့ စစ်ကြောင်းက ၁ယောက်ပဲပွိုင့်ထွက်တယ်။ ပေပါကို မမြင်ဘဲ ကျော်သွားတာ နောက်က နွားအုပ်လို အုပ်လိုက်ကြီးတက်လာတာဆွဲတော့ ထိကုန်တာပေါ့။ ကို့ဘက်က လက်နက်ငယ်နဲ့လည်း ပစ်တာပဲ။ အားချင်းမ​မျှတာရော စစ်ကြောင်းက နှစ်ကြောင်းဆိုတော့ ညှပ်မှာစိုးလို့သာ သေနတ်တွေ မရလိုက်တာပါ။ မျှတတဲ့အင်အားဆို သေနတ်တွေပါရခဲ့မှာ” လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ထိတွေ့မှုအတွင်း PDA တပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်းတွေကို နင်းမိခဲ့လို့ အကြမ်းဖက်စစ်အုပ်စုဘက်က မျက်မြင် (၁၈) ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရသူ (၆) ယောက်အထိ ရှိခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲအပြီး စစ်ကော်မရှင်ရှိရာ တောင်ဇင်းရဲစခန်းနဲ့ ညောင်ဦးမြို့ပေါ်ကနေ သံချပ်ကာကား (၄) စီးနဲ့ စစ်ကား (၆) စီးအပါ စုစုပေါင်း ကား ၁၀ စီးအထိ စစ်အင်အားဖြည့်တင်းခဲ့သလို တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေထဲ စစ်ကြောင်းထိုးရောက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော် အဖွားအို ၁ ယောက် ခြေထောက်တစ်ဖက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက်မှာတော့ အကြမ်းဖက်စစ်အုပ်စုတွေက ရွာသစ်တောင်ရွာနဲ့ ချောင်းရှည်ရွာတွေထဲ ဝင်ရောက်တပ်စွဲရင်း တစ်ညအိပ်ခဲ့တယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ်အတွင်း အခုလို အကြမ်းဖက်စစ်ကြောင်း ထိုးနေတာတွေကြောင့် ရွာသစ်တောင်ရွာနဲ့ အနီးဝန်းကျင် ရွာတွေဖြစ်တဲ့ ချောင်းရှည်၊ ပွဲတိုင်း၊ စပါးသင်း၊ စုတညဥ်နဲ့ တည်ရွာတို့က အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ မဲစာရင်းတွင် သေတဲ့လူတွေ ပါနေပြီး အုပ်ချုပ်ရေးမှူးနှင့် အမတ်လောင်းမိသားစု မပါသည်အထိ အမှားများနေကြောင်း ဘူးလက်လှဆွေ ပြော

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေများစွာ ကွာဟနေတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မဲစာရင်းမှာ မှားယွင်းမှု များပြားနေတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်နယ်မြေဥက္ကဋ္ဌ ဘူးလက်လှဆွေက မနေ့က လူမှုကွန်ရက်ကတဆင့် ဝေဖန်ပြောဆိုလိုက်ပါတယ်။
Read More

စလင်းနှင့် ဆင်ဖြူကျွန်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်၊ စစ်တပ် မြှုပ်နှံထားခဲ့သည့် အလောင်း ၃ လောင်း တူးဖော်တွေ့ရှိ…

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ ရေလာ ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ရေလာကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမှာ စစ်တပ်၏ စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၀ ထက်မနည်း သေဆုံး၊  တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအနီးကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို  ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၃၀ ထက်မနည်းသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့  ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဟန်ပြအပစ်ခတ်ရပ်ထားသည့် စစ်ကောင်စီ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်ဧရိယာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ရဲ့ ဌာနချုပ်ဧရိယာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် - PNLO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)ပြည့် မွေးနေ့အတွက် MDY-PDF ၏ ဆုတောင်းဓာတ်ပုံများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနတွေမှာရှိတဲ့ စစ်သည် စစ်မေတွေက “Happy Birthday Suu” ဆိုပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုပုံရိပ်တွေကို MDY-PDF က ထုတ်ပြန်ဖော်ပြထားပါတယ်။