အာဏာသိမ်း စစ်ကော်မရှင်ဟာ ဆေးဝါးတွေ အပါအဝင် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ကနေ ကုန်တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ ထိုးတက်လာနေတယ်လို့ ပြည်သူတွေထံက သိရပါတယ်။ 

စစ်ကော်မရှင်ကနေ ကုန်ပစ္စည်း ၃၅ မျိုး တင်သွင်းခွင့်ပိတ်ပင်ကြောင်းကို ကြေညာစာဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ 

အဲဒီကြေညာချက် ထွက်ပေါ်လာပြီးတဲ့နောက် ကုန်စည်တွေကို အဓိက တင်သွင်းရာ နယ်စပ်ဒေသဖြစ်တဲ့ မြဝတီမြို့၊ ဘားအံမြို့၊ မော်လမြိုင်မြို့ စတဲ့ မြို့နယ်တွေမှာ ကုန်ဈေးနှုန်းတွေ ထိုးတက်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

“အခုကတော့ ဈေးတွေစတက်နေပြီ။ အများကြီးတက်တာတော့ မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ လက်ကျန်ကုန်တွေ ရှိနေသေးတာဆိုတော့လေ။ ဒီဟာတွေကုန်ရင်တော့ ဒီထက်ပိုဆိုးဖို့ပဲ ရှိတယ်။ အဆိုးဆုံးကတော့ ဆေးဝါးတွေကို တင်သွင်းခွင့် ပိတ်လိုက်တာက တော်တော်ဆိုးပါတယ်” လို့ ဘားအံမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။ 

ယနေ့ သြဂုတ်လ ၁၄ရက် မနက်ပိုင်း မြဝတီမြို့ရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် တန်းစီနေကြစဥ် (ဓာတ်ပုံ လူမှုကွန်ရက်)

စစ်ကော်မရှင်ကနေ တင်သွင်းခွင့် ပိတ်လိုက်တဲ့ ကုန်ပစ္စည်း ၃၅မျိုးထဲမှာ ခြေညှပ်ဖိနပ်၊ အမွှေးတိုင်၊ ခေါက်ဆွဲ၊ ကြာဇံ၊ ချိုချဥ်၊ ဘီစကစ်၊ ပဲငံပြာရည်၊ ဘထ္ထရီ၊ ပရုတ်လုံး၊ မီးလုံး၊ တစ်ရှူး၊ လူကြီး ဒိုက်ဘာ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ တာယာနဲ့ ကျွတ်၊ ကြက်အူချောင်း၊ အသင့်သောက် နို့၊ ဒိန်ချဥ်၊ ဓာတ်လှေကား၊ မီးစက်၊ ဘထ္ထရီ၊ ဆိုဒီယမ်ဆိုင်ယာနိုက်၊ ဆေး၊ လက်ကိုင်ဖုန်း၊ ကော်ဖီစေ့၊ ကော်ဖီမှုန့်နဲ လက်ဖက်ခြောက်၊ ဘူဒိုဇာ၊ ကရေဒါ၊ ဝှီးလုတ်ဒါ၊ သစ်သီးမျိုးစုံလည်း ပါဝင်နေပါတယ်။  

ဒါ့အပြင် ငှက်သိုက်၊ လျှပ်စစ်စက်ဘီး၊ မယ်လမင်း၊ သံပေပါခွံ၊ မီးချောင်းတံဆိပ် ကြွေပြားကပ်ကော်မှုန့်၊ ပလက်စတစ်ခြင်း၊ ပုံး၊ ခွက်၊ ထိုင်း SCG ဆင်တံဆိတ် ဘိလပ်မြေတွေကို ပိတ်တင်ထားတာ ဖြစ်ပါတယ်။ 

“ဒီထုတ်ပြန်ချက်လည်း ထွက်ပြီးရော မြဝတီမှာ ဘာမှလည်းမဆိုင်ဘူး။ ဓာတ်ဆီဆိုင်တွေ ကြိတ်ကြိတ်တိုးနေပြန်ပြီ။ ဒီရက်အတွင်းမှာကို ကျနော်တို့ ကားတစ်ခါဆင်းရင် အရင်က ၁၀၀၀ ကုန်တယ်ဆို အခုက ၃၀၀၀ ဖြစ်သွားပြီ။ အရင်က တာချီလိတ်လမ်းရှိသေးတယ်။ အခုက အဲ့ဒါလည်း မရှိတော့ဘူး၊ ဒီလမ်းကိုလည်း ထပ်ပိတ်တာဆိုတော့ ကုန်ဈေးနှုန်းတွေက ဒီထက်ကို တက်ဖို့ပဲ ရှိတော့တယ်”လို့ မြဝတီ-မဲဆောက် ကုန်သည်တစ်ယောက်က မောင်းကို ပြောပါတယ်။ 

လက်ရှိမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ အမှတ် ၂ တံတားမှာ မြန်မာဘက်ကို ထွက်ခွာဖို့ စောင့်ဆိုင်းနေတဲ့ ကုန်တင်ကားတွေဟာ အစီးရေ ၅၀၀ ကျော်အထိ ရှိနေပြီလို့ ကနဦး သိရပါတယ်။

 

0 Shares:
You May Also Like
Read More

အမြန်လမ်း ၁၀၁ မိုင်အနီး စစ်ကောင်စီ၏ ဆင်ဇလုပ်ဂိတ်ကို ​ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်တိုက်၊ စစ်သား ၄ ဦး သေပြီး ၃ ဦး ဒဏ်ရာရ

ပဲခူးတိိုင်း၊ ကျောက််တံခါးမြို့နယ်၊ ရန်ကုန် -နေပြည်တော် အမြန်လမ်းပေါ်က အကြမ်းဖက်စစ်တပ်ဂိတ်ကို  ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ယောက်သေပြီး ၃ယောက်ထိိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖက ပြောပါတယ်။
Read More

စစ်သည်တော် ကျင့်ဝတ်စည်းကမ်း စာစောင်များကို 96 soldiers PDF မှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း (CoC) လက်ကမ်းစာစောင်တွေကို 96 soldiers PDF တပ်ဖွဲ့မှာ ဟောပြောပို့ချကာ လေ့လာခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကပစ ၁၁ တိုက်ခိုက်ခံရမှုမှာ အရာရှိနှင့်တပ်သား ၅ ဦးသေပြီး ၁၆ ဦး အပြင်းထန်ဒဏ်ရာရ လက်နက်စက်ရုံ၊ ရိက္ခာနဲ့ ခဲယမ်း ဂိုဒေါင်တွေပါ မီးလောင်ပျက်စီးခဲ့လို့ စစ်အုပ်စု သတင်းဖုံးဖို့လုပ်နေ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ကပစ ၁၁ ကို တာဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများခဲ့ပြီး အဆောက်အဦးတချို့ မီးလောင်ပျက်စီးတာတွေရှိခဲ့ကြောင်း Urban Special Operation (U.S.O) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေး‌ကောင်စီနှင့် ပြင်ဦးလွင်ခရိုင် စစ်ဘက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) ဟာ မန္တလေးဒေသ ပြင်ဦးလွင်ခရိုင်အတွင်းက စစ်ဘက်ရေးရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း MIGC က မနေ့က ဒီဇင်ဘာ ၄ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုလို တွေ့ဆုံစဥ် MIGC က ပြင်ဦးလွင်ခရိုင် စစ်ဌာနအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် ကျပ်သိန်း ၄၀၀ တိတိ ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်တွင် ရိက္ခာသယ်ထွက်လာသည့် စစ်အုပ်စုများ နှစ်ဖက်ညှပ်တိုက်ခံရ၊ အထိအခိုက် အများအပြားဖြင့် ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နှစ်ဖက်ညှပ် တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး အပြေးအလွှား ပြန်လည်ဆုတ်ခွာသွားကြကြောင်း Ngwe Dwin Revolution Force တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဒိုက်ဦးထောင်တွင် စစ်တပ်မှ အသွင်ပြောင်းလာသည့် ဒုထောင်မှူး ဦးဆောင်ကာ နိုင်ကျဥ်းများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားတဲ့ လုပ်ရပ်တွေကို ဆိုးရွားစွာ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။