အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ P29916 – Special Operation Group (SOG) တပ်ရင်းက သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုခြင်းနဲ့ သစ္စာအဓိဌာန်ရွတ်ဆိုခြင်း ပြုလုပ်ပြီးနောက် SOG တပ်ရင်းမှူး၊ အမှတ် (၃၇) နည်းဗျူဟာ ဗျူဟာမှူးနဲ့ SOG ဒု – တပ်ရင်းမှူးတို့က တပ်တည်ထောင်ခြင်း(၂)ပြည့် နှစ်ပတ်လည်အတွက် အမှတ်တရစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် SOGတပ်ရင်းက တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်လည်း အောက်မေ့သတိရပန်းခွေချခဲ့ပြီး (၁)မိနစ်ငြိမ်သက် အလေးပြုခဲ့တယ်လို့ သိရပါတယ်။

SOG စစ်သင်တန်းဆင်းရဲဘော်တွေကိုလည်း ဆုချီးမြှင့်ခဲ့ပြီးနောက် သင်တန်းဆင်းရဲဘော်တွေ ကျမ်းကျိန်ဆိုကာ သစ္စာရည်သောက် အခမ်းအနာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Special Operation Group – SOG တပ်ရင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၃ရက်မှာ တရားဝင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်ပြည်နယ် တပ်မဟာ(၆)၊ ကော့ကရိတ် တောင်ပိုင်းက စခန်းသိမ်းတိုက်ပွဲတွေနဲ့ စစ်ဆင်ရေးများစွာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၂၈၀ ကျော် သေဆုံးခဲ့

စစ်အာဏာသိမ်း ၄နှစ်တာ ကာလအတွင်း စစ်ကောင်စီကြောင့်  ချင်းပြည်နယ်နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းတိုင်းရင်းသား ၂၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဧရာ၀တီတိုင်းထဲက နေရာ ၇ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ဖို့ FCDO သတိပေး

ဧရာ၀တီတိုင်းထဲက နေရာ ၇ ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ကြဖို့  ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာမြို့က ထွက်လာတဲ့ စစ်တပ် တွဲကား ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တွဲကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတာ်လို့ မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းဆီက သိရပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ဒေါနတောင်ပေါ် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် အစာရေစာ ပြတ်လပ်ပြီး အလံဖြူထောင် လက်နက်ချမှုများ ရှိလာ

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ ဒေါနတောင်ပေါ်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေ အစာရေစာ ငတ်ပြတ်မှုတွေ ရှိနေပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလံဖြူထောင် လက်နက်ချ အညံ့ခံတာတွေ ရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ထိုင်း − မြန်မာနယ်စပ် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၂ ရက်နေ့မှာ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။