တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၀ ရက် မနက်ပိုင်းက တနင်္သာရီမြို့နယ် တမုတ်ချုံးရွာမှာ ခြေကုပ်ယူ ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၅ နာရီကျော်ကြာဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေ အထိနာကာ တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။ အဲဒီနောက် လယ်တောင်ယာရွာမှာရှိနေတဲ့ စစ်ကူတွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းပြန်ထိုးလာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးမှာ စစ်ကော်မရှင်တပ်သား ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖနဲ့ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်း တပ်ခွဲ(၂)၊ တပ်ခွဲ (၃)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၁ ယောက် ကျဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Video – တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့်တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)ကိုယ်ပိုင်အမှတ်- တတ/၁၂၅၇၈၁ တပ်သား-နိုင်လင်းထွန်း ပြောကြားချက် ( ရုပ်/သံ)

အလင်းဝင်လာတာက ကျွန်တော်တို့ကလည်း ငတ်ပြတ်နေပြီ ကျွန်တော်တို့ စိတ်ဆန္ဒမပါဘဲနဲ့ ဒါတွေ ခိုင်းတယ်။ ပြီးတော့ အစားအသောက်ပေါ့ သူတို့ကတော့ စားနေသောက်နေပြီးတော့ ကျနော်တို့က ငတ်ပြတ်ပြီးတော့ ရှေ့ကနေတိုက် သူတို့ကတော့ စားသောက်ပြီး မင်းတို့ သေချင်သေပါစေ ပုံစံမျိုးနဲ့။
Read More

ဗန်းမောက်တိုက်နယ်အတွင်း စာသင်ကျောင်းတွေမှာ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးမျှဝေ (ရုပ်/သံ)

ဗန်းမောက်တိုက်နယ်အတွင်းရှိ စာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေကို အမျိုး သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗန်းမောက် မြို့နယ် ပကဖ အဖွဲ့က တာဝန်ရှိသူတွေ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာမျှဝေမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ပကဖအသံမှ ထုတ်ပြန်ထားပါတယ်။
Read More

ကျရာတာဝန် ကျေပွန်နေကြတဲ့ အမျိုးသမီးရဲဘော်လေးများ (ရုပ်/သံ)

ကျရာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေကြတဲ့ အမျိုးသမီးရဲဘော်လေးတွေရဲ့ တစ်နေ့တာ တာဝန်တွေကို မုံရွာခရိုင်တပ်ရင်း(၄) Monywa The Boys က ထုတ်ပြန်လိုက်ပါတယ်။
Read More

ခမရ ၄၀၅ တပ်ရင်းမှူး စိုင်းသူရဌေးမှာ ဒဏ်ရာရတပ်သားတွေကို ထားခဲ့ကြောင်း ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းများ ထွက်ဆို (ရုပ်/သံ)

''ကျွန်တော်တို့ သိတောင် မသိလိုက်ဘူး။ ဆေးခန်းထဲမှာ ဆေးကုနေတာ။ သူကို (စိုင်းသူရဌေး)တွေ့ရင် သတ်ပစ် ချင်တယ်။ ခေါင်းဆောင်ကောင်း မပီသလို့''လို့ ဖမ်းဆီးခံ စစ်သုံ့ပန်းတွေက ဆိုပါတယ်။
Read More

မာနယ်ပလောက စစ်ကောင်စီရဲ့ ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) နို့ဒေးစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသက စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်း ပွိုင့် (၉၁၃) နို့ဒေးစခန်းကို Federal Wings အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ထုတ်ပြန်လိုက်ပါတယ်။
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။