စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူတွေနဲ့ ကာလကြာရှည်စစ်ရှောင်နေရတဲ့ နှစ်ရှည်စစ်ရှောင်ပြည်သူတွေကို ဩဂုတ်လအတွင်း ထောက်ပံ့ကူညီမှုတွေ သွားရောက်ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်က ချောင်းဦးမြို့နယ်၊ နှစ်ရှည်စစ်ရှောင်စခန်း တစ်နေရာမှာရှိတဲ့ စစ်ရှောင်လူဦးရေ (၃၅၀)ကို လူ့အခွင့်ရေးရာတာဝန်ခံနဲ့ We are people အဖွဲ့တို့ ပူးပေါင်းပြီး ထမင်း၊ အာဟာရဖျော်ရည်အေးနဲ့ မုန့်မျိုးစုံတို့ကို အာဟာရဒါန ကုသိုလ်ပြု လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၇ ရက်မှာလည်း ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ပြည်သူတွေကို ချောင်းဦးမြို့နယ်လူ့အခွင့်အရေးတာဝန်ခံနဲ့  (We are people)အဖွဲ့က လူမှုကွန်ရက်ကနေတစ်ဆင့် လှူဒါန်းတဲ့အလှူငွေတွေက်ု သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ဟာ မကြာခဏဆိုသလို ခြေလျင် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိသလို လေကြောင်းနဲ့ လက်နက်ကြီးကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကိုလည်း မကြာခဏ လုပ်ဆောင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပင်လည်ဘူးမြို့က အောင်ပွဲရ ရဲဘော်တွေကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံ အားပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို အောက်တိုဘာလ (၁၀) ရက်မှာ သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမောက် မြို့သိမ်းတိုက်ပွဲ ၆ ရက်မြောက်တွင် တော်လှန်ရေးတပ်များ မြို့ကို ရရှိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ ရက် မနေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှ ပြန်လာသည့် ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များကို ဂုဏ်ပြုဆုငွေ ချီးမြှင့် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (နယ်စည်းမခြား တော်လှန်ရေးအင်အားစု) က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ တပ်ရင်းမှ ရဲဘော်တွေကို ဇွန်လ ၂၅ ရက် မနေ့က ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

KNDF အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) - အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လက်ပံလှရွာထဲ ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာထဲကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ပစ်ခတ်တဲ့ ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း Wetlet Informational Network ထံက သိရပါတယ်။
Read More

ရေးမြို့နယ် ၃ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။