စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရတဲ့ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ်ရှိ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုတွေကို ဩဂုတ်လထဲမှာပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါထောက်ပံ့ကူညီမှုတွေကို မြို့နယ်လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်လူသားစာနာအဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသူတွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်သူတွေအတွက် သင့်တင့်တဲ့ ငွေကြေးပမာဏာကို ပေးအပ်ခဲ့ပြီး စုစုပေါင်းပြည်သူ(၈) ယောက် ထောက်ပံ့ပိုးကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေကို လူ့အခွင့်အရေးတာဝန်ခံတွေက စိတ်ခွန်အားဖြည့်စကားတွေ ပြောကြားနှစ်သိမ့်ပေးခဲ့သလို ထမင်းအာဟာရကျွေးမွေးတာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတွေအနေနဲ့ ပြည်သူနဲ့ တသားတည်း ရှိနေပြီး လိုအပ်ချက်တွေကို အချိန်နဲ့ တစ်ပြေးညီ ပူးပေါင်း ဆောင်ရွက် ဖြည့်ဆည်းပေးနေတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းအနီး နွားထိုးကြီး၊ ပြင်စည်ရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်​ကောင်စီတပ်သား ၇ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ ပြင်စည်ရွာ လျှပ်စစ်ခွဲရုံးအပါအဝင် ရဲစခန်းနဲ့ စာသင်ကျောင်းတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ရော အနီးကပ်ပါ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ ရဲဘော် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ယမ်းထုတ်ယူဖို့ ကြိုးစားရာက ပေါက်ကွဲပြီး ဒေသခံနှစ်ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ယူလာကာ ယမ်းထုတ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ ထပေါက်ကွဲလို့ ဒေသခံ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ၃ နှစ်ကျော် တပ်စွဲထားတဲ့ မဒေါင်းလှ ပျူစောထီးရွာကို PDF တွေ တိုက်ခိုက်သိမ်းပိုက်… စစ်သားနဲ့ပျူ တစ်ရွာလုံး ထွက်ပြေးသွားပြီး စစ်တပ်အရာရှိနဲ့ တပ်သား ၁၃ ယောက်၊ ပျူစောထီး ၁၈ ယောက် သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ၃ နှစ်ကျော် တပ်စွဲထားတဲ့ မဒေါင်းလှ ပျူစောထီးရွာကို PDF တွေက စက်တင်ဘာ ၁၈ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမှာ ဆိုင်ကယ် ကယ်ရီသမား အဖမ်းခံရတာကို PDF အလင်းဝင်တယ်ဆိုပြီး စစ်အုပ်စု တမင်ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဂန့်​ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

ပြည်တွင်းရွှေစျေး အတက်ကြမ်းနေ၊ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၆၈ သိန်းအထိ မြင့်တက်လာ

ရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းလာပြီး ရွှေတစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက် မြင့်တက်လာ တယ်လို့ ပြည်တွင်းရွှေစျေးကွက်ထံက သိရပါတယ်။
Read More

ဆီဆိုင်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေ ဒရုန်းနဲ့ ဗုံးကြဲ၊ ဒေသခံပအိုဝ်းပြည်သူ ၂ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲလို့ ဒေသခံပအိုဝ်းပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ပအိုဝ်းပြည်သူလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ထားပါတယ်။