ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို စစ်အုပ်စုက ထောင်ဗူးဝတင် ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ဆောင်တဲ့ စိတ်ဓာတ်ချိုးဖျက်ရေးလုပ်ငန်းစဥ်တစ်ခု ဖြစ်ပြီး အလားတူဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၇၄ ယောက်အထိ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်က ၄ နှစ်ကျော်ကြာ ဖမ်းဆီးအကျဥ်းချခံထားမှုကနေ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ မမိုးဆန်းစုကြည်ကို စစ်အုပ်စုက အကြမ်းဖက်ဥပဒေ ပုဒ်မ၅၂-က တပ်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်လည်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“မမိုးဆန်းစုကြည်က အင်းစိန်နဲ့ သာယာဝတီထောင်တွေထဲ ၄နှစ် ကျော်လောက်နေခဲ့ရတယ်။ အဲ့အချိန်တွေကတည်းကညကြိုက်တဲ့အမှုတပ်ပြီးဖမ်းလို့ရတယ်။ အဲ့ဒါကို ပုံမှန်လုပ်ရိုးလုပ်စဥ်နဲ့မလုပ်ပဲ အခုလို လွတ်လာပြီးမှ ပြန်ဖမ်းတယ်ပေါ့။နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေဆိုတာ ကိုယ်လွတ်တော့မယ်ဆိုတာနဲ့ အပြင်ရောက်ရင်ဘာလုပ်မယ်၊ ဘာလုပ်မယ်ဆိုပြီး မျှော်လင့်ချက်တပွေ့တပိုက်နဲ့ အားခဲထားတက်ကြတယ်။ အခုက အပြင်လေတောင်မရှုရသေးပဲ ဗူးဝတင် ပြန်ဖမ်းတာဆိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ စိတ်ကိုသတ်တာပါပဲ။ သူတို့(စစ်အုပ်စု) ထင်တာကလည်း နိုင်ငံရေးအကျဥ်းသား/သူတွေဆိုတာ ပြန်လွတ်ပြီဆိုတာနဲ့ မတရားမှုတွေကို ပြန်ပြီးတော်လှန်ကြတာကိုမြင်နေကြားနေရတော့ အပြင်ကိုအ​ခြေချခွင့်မပေးတာလည်းဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

လက်ရှိမှာ မမိုးဆန်းစုကြည် အပြင် ဖခင်ဖြစ်သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာလည်း အင်းစိန်ထောင်အတွင်း မတရားထောင်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။

စစ်အုပ်စုအနေနဲ့ မမိုးဆန်းစုကြည်ကို အာဏာသိမ်းကာလအစ ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်နေ့က ရန်ကုန်မြို့၊ လှည်းတန်းမြို့နယ်ကနေ  ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ပုဒ်မ ၅၀၅-က ၊ ၁၇ (၁) တို့နဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ် (၆) နှစ် ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

မမိုးဆန်းစုကြည်အနေနဲ့ အင်းစိန်ထောင်အတွင်း တစ်နှစ်ကျော်ကြာ ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်‌မှာ သာယာ၀တီအကျဥ်းထောင်ဆီ ထပ်မံပြောင်းရွှေ့ကျခံခဲ့ရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့ ရှေ့တန်းတစ်နေရာမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၂ ဦး ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ အလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတစ်နေရာကနေ စစ်မှုထမ်းတပ်သား ၂ ယောက် ထွက်ပြေး အလင်းဝင်ရောက်လာကြောင်း ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ယေက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

၅၀၅ (က) လွတ်ငြိမ်းခွင့်နှင့် အမှုပိတ်သိမ်းမှုများအပေါ် စစ်ကော်မရှင်ကို စစ်လော်ဘီများ ဝေဖန်ပြစ်တင်

အတုအယောင် ရွေးကောက်ပွဲပုံရိပ်အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ တရားစွဲဆိုခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့မှုအတွက် အကြမ်းဖက်စစ်တပ်လော်ဘီတွေကြား စစ်တပ်အပေါ် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Read More

လက်ပန်လှလေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူ အားလုံး အရေးယူနိုင်အောင် လုပ်ဆောင်မည်ဟု NUG က ထုတ်ပြန်

စစ်ကောင်စီက လက်ပန်လှကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအတွက် အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မြို့ပြတော်လှန်ရေးတပ်ဦး(URF) မှ တော်လှန်ရေး (၄) နှစ်တာကာလအတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ခံစားခဲ့ရသည့် ရဲဘော်များအတွက် စိတ်ခွန်အားကူညီစောင့်ရှောက်မှုသင်တန်း ပြုလုပ်

မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front - URF) ရဲ့ စခန်းတစ်နေရာမှာ စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ (၂) ရက်တာ သင်တန်းကို စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။