မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ ကင်းစခန်းတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပေါက် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဩဂုတ်လ ၁၀ ရက် ဒီနေ့မနကိ အစောပိုင်းက မြိုင်မြို့အနီးရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းတစ်ခုကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ယောက် သေဆုံးကာ ၃ ယောက် အရှင်ဖမ်းဆီးရရှိထားသလို G-3 သေနတ် ၃ လက် နဲ့ 7.62 ကျည် အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“ချည်းကပ်တာနဲ့ အချိန် ကြာသွားပေမယ့် အပြန်အလှန် ပစ်ခတ် ချိန် ၄ နာရီ ခန့်ပါ ခင်ဗျ၊ စစ်သုန့်ပန်း‌တွေကို တိုက်ပွဲ အတွင်း ဖမ်းဆီး ထိမ်းသိမ်းရမိခဲ့တာပါဗျ၊ သူတို့ကို စစ်သုန့်ပန်း ဥပဒေ နဲ့ အရေးယူသွားပါမယ်” လို့ ပေါက်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း တံတားဦး‌လေတပ်ကနေ လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ ၁၂ နာရီ မိနစ် ၂၀ လောက်မှာ တစ်ကြိမ်၊ ၁၂ နာရီ ၂၂ မိနစ်လောက်မှာတစ်ကြိမ်၊ ရှမ်းတဲ‌လေတပ်ကနေ တက်လာတဲ့ FTC 2000G Fighter နဲ့ ၁၂ နာရီခွဲကျော်လောက်မှာ ၂ ကြိမ်၊ တမခ ၁၀၁ ကနေ တက်လာတဲ့ Paramotor (စက်တပ်လေထီး) ၂ စီးနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့အနီးရှိစစ်အုပ်စုကင်းစခန်းအားပစ်ခတ်မှုအတွင်း သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများ

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမဲ့လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိခိုက်ကျဆုံး သူတွေမရှိခဲ့ဘူးလို့ဆိုပါတယ်။

အဆိုပါ ကင်းစခန်းသိမ်းတိုက်ပွဲအပြီး စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလူပ်ခဲ့တာကြောင့် ကင်းစခန်းကို မီးရှို့ဖျက်ဆီးတာမရှိခဲ့ဘူးလို့ သိရပါတယ်။

“လက်ရှိ အခြေအနေ အသေးစိတ် မရသေးပါဘူးဗျ ၊ တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ လေကြောင်းပစ်ကူ လာပါတယ် ၊ ကာကွယ်ရေး တပ်ဘက်က ထိခိုက်ဒဏ်ရာရသူ မရှိပါဘူးဗျ ၊ကင်းစခန်းကို မီးရှို့တာမျိုး မလုပ်ပါဘူးဗျ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ ၊ မြိုင် ပကဖ၊ ပေါက်မြို့နယ် မြောက်ပိုင်း ပကဖ အပါအဝင် တော်လှန်ရေး မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ်။

မြိုင်မြို့အနီးရှိစစ်အုပ်စုကင်းစခန်းအားပစ်ခတ်မှုအတွင်း သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများ
မြိုင်မြို့အနီးရှိစစ်အုပ်စုကင်းစခန်းအားပစ်ခတ်မှုအတွင်း သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ပန်ဝါမြို့သိမ်းတိုက်ပွဲကနေ လက်နက်ကြီးငယ် ၅၀၀ ကျော်နဲ့ ခဲယမ်းများစွာ ရရှိ

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှ ပျူခေါင်းဆောင်နှင့် ညာလက်ရုံးတပည့်ကို တစ်နေရာစီ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ သူ့တပည့်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ 9 Stars Underground Force ,Bago Region တပ်ဖွဲ့က ပြောပါတယ်။
Read More

မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့ထံ MNLA အမှတ် (၅) တပ်ရင်းက တပ်ရင်းတစ်ရင်းလုံး လာရောက်ပူးပေါင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်​ကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်

မန္တလေးတိုင်း၊ ​တွင်းငယ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားမှုနဲ့ ပတ်သက်ပြီး ၃ လအကြာ ဒီနေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်လာပါတယ်။
Read More

တော်လှန်ရေး ပိုမိုထိရောက် အားကောင်းစေဖို့ MLA နဲ့ အလုံးစုံ ပူးပေါင်းလိုက်တဲ့ MSRO

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) ဟာ သူတို့ရဲ့ တပ်ဖွဲ့ကို ဖျက်သိမ်းပြီး မွန်ပြည်လွတ်မြောက်ရေးတပ် (MLA) နဲ့ ပူးပေါင်းကာ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်လာပါတယ်။ 
Read More

တီးတိန်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုထဲ လိုက်ပါဆောင်ရွက်သူကို PDF Zoland ဖမ်းဆီးထိန်းသိမ်း…

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ခံမှုမှာ တက်ကြွစွာ ပါဝင်တဲ့ Kam Lian Thang ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်။ PDF Zoland နဲ့ Chin…