နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နယ်မြေများကို အင်အား ၆၀၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ် မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့စခန်းအချို့ လက်လွှတ်ခဲ့ရတယ်လို့ ၉၀၂ တပ်ရင်း ၊ တပ်ခွဲ – ၃ ၊ တောင်တွင်းကြီးတပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၈ ရက်ကနေ ယနေ့အထိ အင်အား ၆၀၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို နင်းဆွဲ၊ ဆွဲမိုင်းတွေနဲ့ ကြားဖြတ် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စခန်းအချို့ လက်လွှတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် ၉၀၂ တပ်ရင်း ၊ အမှတ် ၈၀၄ တပ်ရင်း ၊ သရက်ခရိုင်တပ်ရင်း ၁ နှင့် အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-၉၀၂ တပ်ရင်း ၊ တပ်ခွဲ – ၃ ၊ တောင်တွင်းကြီးတပ်ခွဲ

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်အုပ်စု ရွာ ၂ ရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပေါက်ပင်ရွာနဲ့ နဂါတွင်းရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Monywa Revolution -MR က ထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်မှာ စက်သေနတ်တင် သံချပ်ကာယာဉ်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အနောက်ဘက်ကမ်း ကျွန်းတောကုန်းကျေးရွာကနေ နှောပင် ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄  ထံက သိရပါတယ်။ 
Read More

မုံရွာမှာ ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

ကွမ်းလုံဒေသကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနေအိမ်တွေ ပျက်စီး (ရုပ်/သံ)

စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့၊ နမ်းဟူကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

ဖားကန့် လုံးခင်းကျေးရွာတွင် ကားတစ်စီး အရှိန်လွန်ပြီး စားသောက်ဆိုင်ကို ဝင်တိုက်၊ ဝန်ထမ်း ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ကားတစ်စီးအရှိန်လွန်ပြီး စားသောက်ဆိုင်ထဲ ဝင်တိုက်ခဲ့တဲ့အတွက် ဝန်ထမ်း ၂ ယောက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
Read More

စစ်တပ် တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ဒီဇင်ဘာ ၁၁ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။