ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် စက်စက်ယိုရွာ တရွာလုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ပြောရရင်တော့ ရေနံသာစုပေါင်းဂိတ် မရောက်ခင်မှာ အရေးပါတဲ့ နေရာပါ။ တကယ့်ပိုပြီး အရေးပါတာကတော့ ရေနံ့ဟာဂိတ်ပေါ့နော်။ အဲ့ဒါပြီးရင်တော့ မြောက်စမ်းအမြောက်တပ်နေရာဆိုတော့။ ရေနံ့သာဂိတ်ရရင် မြောက်စမ်းအမြောက်တပ်ကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
စက်စက်ယိုကျေးရွာဟာ ပုသိမ်-မုံရွာ ကားလမ်းမဘေးမှာရှိသလို ငါးသိုင်းချောင်း-ရေကြည်မြို့နယ်တွေကို ဆက်သွယ်ထားရာ လမ်းကြောင်းပေါ်မှာရှိနေပြီး ပျူစောထီးတွေ အင်အားကြီးစိုးတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကတည်းက စက်စက်ယိုရွာကို AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်သလောက်နီးပါး အခြေအနေရှိခဲ့ပေမယ့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီတွေက ကျေးရွာက တောင်ပေါ်ကျောင်းမှာ လှိုင်ခေါင်းတွေတူးကာ ခံစစ်ဆင်နေခဲ့တာကြောင့် ကြာမြင့်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြီး “တောင်ပေါ်ကျောင်းမှာ ပျူတွေက လှိုင်ခေါင်းတွေတူးပြီး ခံစစ်ဆင်ထားတာ။ အဲ့ဒါကို အခု ကာကွယ်ရေးအဖွဲ့တွေက မိုင်းကပ်ခွဲတာ ဂူပိသေကုန်တယ်လို့ စစ်ရေးအရ ကြားထာပါတယ်။ ရက်ပိုင်းအတွင်းမှာ သက်ဆိုင်ရာတွေကနေ ထုတ်ပြန်မှ သေချာသိရမှာပေါ့နော်” လို့ အခြေအနေတွေကို ပြောပြပါတယ်။
ဒါ့အပြင် စက်စက်ယိုကျေးရွာဟာ ရေနံ့သာစုပေါင်းဂိတ်ကို သိမ်းပိုက်ဖို့၊ အဲဒီကတဆင့် အမတ ၃၄၄ (မြောက်စမ်း အမြောက်တပ်) ကို သိမ်းပိုက်နိုင်ဖို့ လမ်းစဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်မှာ တပ်ဖွဲ့ဝင် အယောက် ၄၀ နီးပါး သေဆုံးခဲ့ပြီး စစ်လက်နက် ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မောင်းအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။