တရားမဝင်အာဏာသိမ်းထားတဲ့ မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်မှု ရရှိရေး ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်အုပ်စုအနေနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့နဲ့ ပုံရိပ်ကောင်းရရှိအောင် ခဝါချလျှော်ဖွပ်သန့်စင်ဖို့ အများပြည်သူဆီက ခိုးယူထားတဲ့ ဘဏ္ဍာငွေသန်းပေါင်းများစွာကို အသုံးပြုပြီး အမေရိကန် ရီပက်ဘလစ်ကန်ပါတီနဲ့ နီးစပ်တဲ့ လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

D.C လော်ဘီအဖွဲ့အနေနဲ့ လက်မောင်းပြုတ်အောင် လျှော်ဖွပ်ရင်တောင် မြန်မာစစ်တပ်ရဲ့ သွေးစွန်းလက်တွေကို သန့်စင်နိုင်မှာမဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်မှုကြီးတွေကို အပြစ်ပေးအရေးယူခံရမှု အလုံးစုံကင်းလွတ်စွာနဲ့ ကျူးလွန်နေတဲ့ စစ်အုပ်စုအတွက် အားပေးကူညီသူအဖြစ် ထမ်းဆောင်ဖို့ ရွေးချယ်လိုက်တဲ့ DCI Group ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရှုတ်ချကြောင်း JFM က ဆိုပါတယ်။

DCI Group ဟာ စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဇူလိုင်လ ၃၁ ရက်မှာ စတင်အသက်ဝင်မယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး “ကုန်သွယ်ရေး၊ သဘာဝသယံဇာတနှင့် လူသားချင်းစာနာမှုအကူအညီ” ဆိုင်ရာတွေမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးတွေ “ပြန်လည်တည်ဆောက်ရေး” အတွက် ဆောင်ရွက်ဖို့ တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၃ သန်း စုစုပေါင်းပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစာချုပ်ကို DCI Group ရဲ့ စီမံခန့်ခွဲမှုမိတ်ဖက် Justin Peterson နဲ့ စစ်အုပ်စုရဲ့ အမြဲတမ်းအတွင်းဝန် ဝင်းကျော်အောင် ကိုယ်စားပြုတဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားကိုယ်စားလှယ် မှတ်ပုံတင်ရေးဥပဒေ စာရွက်စာတမ်းတွေမှာ DCI Group နဲ့ အဓိက ထိတွေ့ဆက်ဆံမယ့်သူအနေနဲ့ စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယအမြဲတမ်းအတွင်းဝန် မြင့်ကျော်ကို စာရင်းသွင်းထားပြီး မြင့်ကျော်ဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး “ပြန်ကြားရေးအဖွဲ့” မှာလည်း အတွင်းရေးမှူး ဖြစ်တယ်လို့ သိရပါတယ်။

DCI Group ရဲ့ မိတ်ဖက် Justin Peterson ကို ၂၀၂၀ ခုနှစ် ဒေါ်နယ်ထရမ့်အစိုးရရဲ့ ပထမသက်တမ်းအတွင်း သမ္မတက ပူအာတိုရီကို နိုင်ငံအတွက် ဘဏ္ဍာရေးဆိုင်ရာကြီးကြပ်မှုနဲ့ စီမံခန့်ခွဲမှုဘုတ်အဖွဲ့မှာ သူ့ရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

DCI Group အနေနဲ့ ၂၀၀၂ ခုနှစ်ကလည်း အရင် မြန်မာစစ်အုပ်စုနဲ့ စာချုပ်တစ်ရပ် ရှိခဲ့ပြီး၊ စစ်အုပ်စုရဲ့ ပုံရိပ်ကို ခဝါချသန့်စင်ရေးနဲ့ “နိုင်ငံရေးရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေး” လမ်းကြောင်းကို တွန်းတင်ရေးတို့အတွက် အမေရိကန်အစိုးရကို လော်ဘီလုပ်ပေးခဲ့ပါသေးတယ်။

DCI Group ကို ပထမအရစ်ငွေပေးချေမှုအဖြစ် အမေရိကန်ဒေါ်လာ ၁.၅ သန်းကို စစ်ကောင်စီ ဖျက်သိမ်းပြီး စစ်ကော်မရှင်နဲ့ အစားထိုးဖွဲ့စည်းခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်မှာ ပေးချေခဲ့တာဖြစ်တယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီအတွက် နောက်ဆုံးနေရာဟာ ရာဇဝတ်သားတွေအဖြစ် တရားရုံးရှေ့မှောက်သာ ဖြစ်သင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကို အသိပေး

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် နောက်ဆုံးနေရာအဖြစ် တရားရုံးနဲ့ ခုံရုံးရှေ့မှောက်ကိုသာ အရောက်ပို့ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

ထိုင်းအစိုးရက စစ်ကောင်စီကို ဘဏ္ဍာရေးနှင့် သံတမန်ရေးရာအပိုင်းမှာ တက်တက်ကြွကြွ ထောက်ခံအားပေးနေဟု Blood Money ပြော

ထိုင်းအစိုးရဟာ အာဏာသိမ်းစစ်အုပ်စုထံ ဘဏ္ဍာရေးနဲ့ သံတမန်ရေးရာအပိုင်းမှာ အထောက်အပံ့ပြုနေပြီး စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ Blood Money သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဂျာမနီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု ရရှိ

တော်လှန်အနုပညာရှင်တွေထဲက ထင်ရှားတဲ့ စုံတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များ ပြတ်သားစွာ ငြင်းပယ်ရမည်ဟု တွမ်အင်ဒရူးစ် တိုက်တွန်း

မြန်မာနိုင်မှာ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံတကာဖိအားတွေ လျှော့ချဖို့ကိုသာ ရည်ရွယ်ထားတဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်တွေ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။
Read More

ရှမ်းမြောက်နဲ့ ရခိုင်မှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ် စီမံကိန်းကို စတင်နိုင်မယ်လို့ တရုတ်ကို ကတိပေးပြန်

နယ်မြေဒေသ မငြိမ်သက်ဘဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာမှာ ဖောက်လုပ်မယ့် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်  စီမံကိန်းကို စတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းရောက် မြန်မာတွေ ထွက်သွားကြဖို့နဲ့ ထိုင်းနိုင်ငံကို အလုံးအရင်း ရွှေ့ပြောင်းလာတဲ့အပေါ် ကန့် ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်က စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။