ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ပြည်သူ့စစ်တွေကို ရှေ့ဆုံး ကနေ တိုက်ပွဲဝင်ခိုင်းနေကြောင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တပ်ရင်းမှ ပြည်သူ့စစ်တပ်သား မောင်မောင်ဝင်းက အာရက္ခတပ်တော်ထံ ထွက်ဆိုခဲ့ပါတယ်။

ပြည်သူ့စစ်တပ်သားတွေကို တိုက်ပွဲရှေ့ဆုံးမှာ တက်ခိုင်းပြီး နောက်ပြန်ဆုတ်လာပါက ပစ်သတ်ခံရ မှာဖြစ်ကြောင်း ၎င်းကဆိုပါတယ်။

တပ်သား မောင်မောင်ဝင်းဟာ ဇူလိုင် ၃၁ ရက်က ကျောက်ဖြူမြို့ တိုက်ပွဲများအတွင်းမှ အာရက္ခ တပ်တော် (AA)ထံ အလင်းဝင်ရောက်ခဲ့ပါတယ်။

Video – AAInfoDesk

0 Shares:
You May Also Like
Read More

KNU-ညောင်လေးပင်ခရိုင် KNLA-တပ်မဟာ(၃)နယ်မြေမှ ထွက်ပြေးလွတ်မြောက်လာသည့် တပခ လက်အောက်ခံ ခမရ(၂၀) ပစ/တပ်သား- နှင်းမောင်၏ ပြောကြားချက် (ရုပ်သံ)

''ဥက္ကဌအပါအဝင် လူ ၄ ဦးနဲ့အတူ ပေါ်တာလာဆွဲတာပါ။ ကျွန်တော်ကို လာဖမ်းပြီး နတ်မောက်အချုပ်ထဲမှာ အဖမ်းခံရပါတယ်။ အချုပ်ထဲကနေပြီးတော့ မကွေး ၃၁၇ စုဆောင်းရေးထဲကို ပို့ပါတယ်။ စုဆောင်းရေးမှာ ၁ လနီးပါးနေပြီးတော့ ရှမ်းပြည်နယ် ဟိုပုန်းသင်တန်းကျောင်းကို အပို့ခံရ ပါတယ်။ အခက်အခဲကတော့ အများကြီးပါပဲ။ ကိုယ်မှာစိတ်မပါတာ။ ကျွန်တော်ဒီအလုပ်တွေကို လုံးဝမလုပ်ချင်ခဲ့ပါဘူး''
Read More

မုံရွာခရိုင် အမှတ်(၁) တပ်ရင်းထံ ပြည်သူ့စစ် ၂ ဦး အလင်းဝင် (ရုပ်/သံ)

တပ်မ ၆၆ လက်အောက်ခံ၊ ခမရ (၄) က အလင်းဝင်လာတဲ့ ပြည်သူ့စစ် ၂ ယောက်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို မုံရွာခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

မွန်ပြည်နယ်ကို အားဖြည့်ပေးဖို့ မွန်တွေကို တောင်းဆိုပါတယ် (အပိုင်း – ၂)

မွန်ပြည်နယ်အတွက် စစ်ရေးရော အုပ်ချုပ်ရေးမှာပါ လူအင်အားလိုအပ်နေတာကြောင့် မွန်လူမျိုးတွေ ကိုယ့်ဒေသကို ပြန်လာပြီး ပူးပေါင်းပါဝင်ပေးကြဖို့ သူက တောင်းဆိုထားပါတယ်။
Read More

KNU-ညောင်လေးပင်ခရိုင် KNLA-တပ်မဟာ(၃)နယ်မြေမှ ထွက်ပြေးလွတ်မြောက်လာသည့် ခမရ(၅၈၁) ကိုယ်ပိုင်အမှတ်- ပစ/တပ်သား- စိုးဌေးအောင်၏ ပြောကြားချက် (ရုပ်/သံ)

''ကျနော်တို့ ကြောက်တာပေါ့။ စစ်တပ်က လွဲပြီး အခြားအဖွဲ့အစည်းဆို အနားတောင်မကပ်ရဲအောင် ကျနော်တို့ကို ခြိမ်းခြောက်ထားတာ။ မင်းတို့သွား မင်းတို့ကို သတ်မှာပဲ။ မင်းတို့လက်နက်ကိုင်ပြီး ယူသွား၊ မင်းတို့ လက်နက်ယူပြီးသတ်မှာပဲ။ အဲဒါစစ်တပ်က လိမ်တာ။ တကယ်တမ်း ကျနော်တို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါမှာတော့ တခြားစီပါပဲ''
Read More

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား အောင်ချမ်းမြေ့နှင့် တွေ့ဆုံမေးမြန်းမှု (ရုပ်/သံ)

''တပ်တွင်းမှာ လူအင်အားနည်းတာတွေ ဖြစ်နေတယ်။ ရှေ့တန်းဆိုရင် တောက်လျှောက်ထွက်နေရတယ်။ နောက်တန်းမှာ တစ်လ၊ နှစ်လလောက်ပဲ နားရသေးတယ်။ ရှေ့တန်းပြန်ပြန်ပါသွားတယ်။ ရှေ့တင်ကျရင်တော့ လူကြီးပြောသွားရင်တော့ မခံချင်လည်း သည်းခံရတယ်ပေါ့။ ဒါပေမယ့် ကွယ်ရာကျရင်တော့ တိုက်ပွဲမဖြစ်သေးလို့ တိုက်ပွဲဖြစ်ရင်တော့ ငါပစ်သတ်မှာပဲပေါ့။ ဒါမျိုးတွေ ပြောတာဆိုတာတွေ ကြုံရတယ်''