တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကျောက်နီမော်ကျေးရွာက ပျူစောထီးဒုခေါင်းဆောင် ၁ ယောက်ဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ပျူစောထီးဒုခေါင်းဆောင်ဟာ စစ်သားတွေရဲ့ အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်တာကို ခံခဲ့ရပြီးနောက် လောင်းလုံးပကဖနဲ့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာတာဖြစ်ပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

သူနဲ့အတူ သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ အီဂါနာ ၁ လုံး၊ ကျည်အတောင့် ၂၀၀၊ စကားပြောစက် ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီး ယူဆောင်လာတဲ့အတွက် လောင်းလုံးပကဖ က ကနဦးငွေကျပ် သိန်း ၃၀ ချီးမြှင့်ထားတယ်လို့ သိရပါတယ်။

Video – လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ

0 Shares:
You May Also Like
Read More

‘ညီလေးက ပြည်သူ့သားကောင်း ဖြစ်မယ့်ကောင်’ ဆိုပြီး အချုပ်ထဲထည့်ကာ ညောင်ကျိုးတိုက်ပွဲအထိ ပို့ဆောင်ခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား နန်းလင်းသူ၏ ပြောကြားချက် (ရုပ်/သံ)

''တိုက်ပွဲအနေအထားက တော်တော်ကြမ်းတယ်။AA ထိုးစစ်ကလည်း ကြမ်းတယ်။ တက်သွားတုန်းက အင်အား ၂၀၀ လောက်တက်သွားတာ။ အောက်ကို ပြန်ဆင်းတော့ ၁၂၀ လောက်ပဲ ပြန်လာ တော့တယ်။ နတ်စင်ကုန်းဘက်ကို ပြန်ဆုတ်လာတာ တာဝါတိုင်ကုန်းကို တက်ပြီး ထိုးစစ်ဆင်တော့ အကျအဆုံးများတယ်ဆိုပြီ။ အဲဒီနတ်စင်ကုန်းကို AAက ထပ်ပြီးထိုးစစ်ဆင်တယ် ၂ ရက် ၃ ရက် ခြား။ စနိုက်ဘာနဲ့ နည်းနည်း နည်းနည်း ထိပြီးကျတာ။ အမှည့်ခြွေ ခြွေခံရတာ။ ၇၀ လောက်ပဲရှိတော့ တယ်။ အဲလည်းကျ AAက အင်အား ၁၀၀၀ လောက်နဲ့ဝင်ပြီးတော့ လုံးလိုက်တော့ အခုညောင်ကျိုး ကျသွားပြီ''
Read More

တိုက်ပွဲတစ်ခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ညီညီ​အောင် (ရုပ်/သံ)

''တပ်မတော်သည် ပြည်သူအပေါ် သစ္စာစောင့်သိရမယ်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်။ ဘာပဲလုပ်လုပ် ပြည်သူကျေနပ်ရမယ်ဆိုတဲ့ အနေအထားမရှိတော့တဲ့အချိန်မှာ ကျနော်တို့သည် တပ်မတော်ရဲ့ အမိန့်ကို ဖီဆန်ပြီးတော့ လက်နက်ချလိုက်တာကို သစ္စာဖောက်တယ်လို့ ယူဆရလို့ရတယ်ပေါ့''
Read More

အာဏာရှင်ကို ကာကွယ်မလား ပြည်သူကို ကာကွယ်မလားဆိုတာ ရွေးချယ်ခဲ့ရသူ (ရုပ်/သံ)

“ကျနော် စစ်သားဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့ပဲ စစ်သားလုပ်ခဲ့တာ။ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ဖို့ အခြေအနေကိုပဲ လိုချင်ခဲ့တာ။ ကျနော်တို့ကို လက်ထဲမှာ ကျည်ဆန် အပြည့်အဝ ထည့်ပေးတယ်။ သေနတ် တစ်လက်ပေးတယ်။ ပြီးရင် ကိုယ့်ပြည်သူကို ပြန်သတ်ခိုင်းတယ်”
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၇) တပ်သား- နေလင်းဦး၏ ပြောကြားချက် (ရုပ်/သံ)

''လက်နက်မကိုင်ချင်ဘူး။ ဒီအလုပ်ကို မနှစ်သက်ဘူး။ သူတို့ (စစ်ကောင်စီ)ကိုလည်း နှစ်သက်မရှိဘူး။ အဲဒါကြောင့်မလို အလင်းဝင်လာတာပါ။ အမေတို့ကို ကျန်းကျန်းမာမာရှိပါစေလို့ ဆုတောင်းပေးတယ်။ ကျွန်တော်လည်း ကျန်းကျန်းမာမာနဲ့ တော်လှန်ရေးအဖွဲ့အစည်းထဲ ရောက်နေပြီ။ အသက်အန္တရာယ်လည်း ကင်းတယ်''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်မ(၅၅) လက်အောက်ခံ ခလရ-၃ကိုယ်ပိုင်အမှတ်- တ/၅၆၂၁၁၇ တပ်ကြပ် သက်ခိုင်ဦး (ရုပ်/သံ)

''နောက်တန်းပြန်ပို့တဲ့အချိန်တော့ စားရပါတယ်။ အခုနောက်ပိုင်း ရိက္ခာတွေ ပြတ်တောက်ပြီးတော့ လူတွေလည်း အားမရှိ၊ လဲတဲ့သူကလဲ၊ နေမကောင်းတဲ့သူက မကောင်းဖြစ်နေတာ အပေါ်က အ ထက်အရာရှိတွေက လိမ်လည်ခိုင်းတော့ မသေသင့်ဘဲ သေရမှာစိုးလို့ အလင်းလာဝင်ခြင်းဖြစ်ပါတယ်"
Read More

KNU-KNLA-တပ်မဟာ(၆)နယ်မြေတွင် ထွက်ပြေးလွတ်မြောက်လာသည့် ခလရ (၅၆၁) တပ်သား- မောင်ကျော်သူ၏ ပြောကြားချက် (ရုပ်/သံ)

''ကားမောင်းတဲ့အလုပ်လုပ်တယ်။ အိမ်ပေါ်မှာပဲ ပေါ်တာဆွဲခံရတာ။ ညပိုင်းအချိန် ရွာတွေထဲဝင်တော့ ရှောင်နေတာ။ မနက်ပိုင်းကျ ငြိမ်ပြီးဆိုပြီးတော့ အိမ်ပြန်အိပ်တာ အိမ်ပတ်ချာလည်ဝိုင်းထားတာ။ ဘယ်မှပြေးမရတာ့ဘူး။ အဲဒါပြည်စုဆောင်းရေးကို ပို့ခံရတာ။ အနိုင်ကျင့်တာတော့ အမျိုးမျိုးပဲ။ သူတို့မူးရင် အကုန်တန်းစီခိုင်းတယ်။ အပြစ်မရှိ အပြစ်ရှာရိုက်တယ်။ အချို့ကောင်တွေက ယောင်ကိုင်းလို့ ထမင်းတောင် မစားနိုင်ဘူး''