မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ကားကို ပြောက် ကျားတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၅ ရက် နေ့လယ်ပိုင်းက နွားထိုးကြီးမြို့နယ် ကနား-ပြင်စည်လမ်းပိုင်းတစ်နေရာမှာ စစ်ကော်မရှင်တပ်သား ၅ ယောက် စီးနင်းလာတဲ့ကားကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ကားပေါ်ပါလာတဲ့ စစ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် ထွက်ပြေးလွတ်မြောက်သွားကာ M-79 ၁ လက် ၊ MA-3 ၃ လက် ၊ 5.56 ကျည် ၂၁၅ တောင့် ၊ ၄၀ မမ ၁ လုံး ၊ လက်ပစ်ဗုံး  ၁ လုံးနဲ့ ကျည်ဘောက် ၅ ဘောက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ကားကို ရှင်းလင်းခဲ့ပြီးနောက် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း နဲ့ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Natogyi People Defence Force

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးရဲဘော်တွေ စစ်ကြောင်း ၄ ကြောင်းခွဲကာ စီးနင်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ ဆေးခန်းတွေကို ဒီဇင်ဘာ ၁၉ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးရဲဘော်တွေ စစ်ကြောင်း ၄ ကြောင်းခွဲကာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့ နမခမှ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလ္လကပ္ပရွာထိပ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ် ၂၄ စီးကို မြင်းမူမြို့နယ် အလ္လကပ္ပရွာထိပ်မှာ မိုင်း ၄ လုံးတစ်ပွိုင့်နဲ့ ၃ လုံးတစ်ပွိုင့်အသုံးပြုပြီး ၄စီးမြောက်ယာဉ်နဲ့ ၄ စီးမြောက်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦးတွင် စစ်ကြောင်းထိုးဖို့ စုဖွဲ့နေသည့် စစ်အုပ်စု ဗုံးကြဲခံရပြီး ဗိုလ်အပါအဝင် ၆ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ စုဖွဲ့နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - ရေဦးက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်တွေရဲ့ တာဝန်ထမ်းဆောင်နေမှုပုံရိပ်တွေကို ကျောင်းသားလက်ရုံးတပ်တော်ထုတ်ပြန် (ရုပ်/သံ)

အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်တွေဟာ ကျရာတာဝန်တွေကို ထမ်းဆောင်နေကြပြီဖြစ် တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံနဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ ၇ ရက်တာ ထိတွေ့တိုက်ပွဲ (ရုပ်/သံ)

မြင်းခြံမြို့နဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ၇ ရက်တာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှတ်တမ်းကို Myingyan Black Tiger (MBT) က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရွှေတစ်ဂူကျေးရွာမှာ ပြည်သူ့စစ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ပူးပေါင်းအထိုင်ချစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က PNO ပြည်သူ့စစ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ပူးပေါင်းအထိုင်ချထားတဲ့ စခန်းကို ကရင်နီတပ်‌ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို P3-1109 Phoenix Battalion က ထုတ်ပြန်လိုက်ပါတယ်။