ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟွန်ဒါဖစ်ကား ၁ စီးနဲ့ ၆ ဘီးကား ၁ စီး ရေထဲမျောပါသွားကာ လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံထံက သိရပါတယ်။

သြဂုတ်လ ၆ ရက် နေ့လယ်ပိုင်းက ကျောက်မဲမြို့ နောင်ပိန်ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လုပ် ပါကန်ကျိုးပေါက်ပြီး အမှတ် (၅) ရပ်ကွက် ရွှေလမင်းဆီဆိုင်ရှေ့ လမ်းမကြီးမှာ ရေကျော်မှုဖြစ်ပွားကာ ဖြတ်သန်းမောင်းနှင်နေတဲ့ ဟွန်ဒါဖစ်ကား ၁ စီးနဲ့ ခြောက်ဘီးကား ၁ စီး ရေထဲမျောပါသွားခဲ့တယ်လို့ သိရပါတယ်။ 

ကားပေါ်မှာပါတဲ့ လူ ၂ ယောက်လည်း ပျောက်ဆုံးနေပြီး သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါ့ပြင် ရေစီးသန်နေချိန် ဖြတ်သန်းမောင်းနှင်တဲ့ ဆိုင်ကယ် ၁ စီးလည်း ရေထဲမျောပါသွားပြီး မောင်းနှင်သူကတော့ လွတ်မြောက်ခဲ့တယ်လို့ သိရါပတယ်။

နောင်ပိန်အမှတ် (၃) ရပ်ကွက်ရှိ အနိမ့်ပိုင်းနေအိမ်တွေလည်း ရေနစ်မြုပ်လျက်ရှိပြီး ပြောင်းဖူးခင်း၊ ကြံခင်းနဲ့ စိုက်ခင်းဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Video – U Sai Nay Aung

0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ် ကြို့ပင်ရွာက အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၂ ယောက်သေပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်း ၁၆၄ မိုင် ၇ ဖာလုံက ကြို့ပင်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကကွယ်‌ရေးတပ်ဖွဲ့ ပကဖ (ရေတာရှည်)ထံက သိရပါတယ်။
Read More

Justice Soldier PDF အပတ်စဉ် ၁၀ (လင်းယုန်အပတ်စဉ်) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

Justice Soldier PDF ရဲ့ အပတ်စဉ် ၁၀ (လင်းယုန်အပတ်စဉ်) အခြေခံစစ်ပညာသင်တန်းဆင်း ပွဲအခမ်းအနားကို မတ်လ ၅ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ကမ္မမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ယောက်သေကာ ပြည်သူ့ရဲဘော် ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်မှ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ကမ္မမြို့ တမာပင်ရွာနဲ့ ရိုးယာရွာက ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ နောက်ချန်ကင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

သာစည်အကျဉ်းထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာ သာစည်ထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို စက်တင်ဘာ ၂၃ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ကော်မရှင်ကား ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေ၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ကားကို ပြောက် ကျားတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြောင်မြို့မရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ပြည်သူများထံ ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ သတင်းထုတ်ပြန် ထားပါတယ်။