မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ဟာ ဆေးကုသဖို့ သွားနေစဥ် လမ်းခရီးအခြေအနေကြောင့် ဆေးရုံရောက်ခါနီးမှာပင် ကျဆုံးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် – ၄ တပ်ရင်းထံက သိရပါတယ်။

သြဂုတ်လ ၃ရက်နေ့မှာ စစ်ကော်မရှင်တပ်နဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ရင်း ပခုက္ကူခရိုင် အမှတ် – ၄ တပ်ရင်းက တပ်သားတစ်ယောက် ထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပြီး သူ့ကို ဆေးကုသဖို့ ဆေးရုံခေါ်သွားခဲ့ကြပါတယ်။ ဒါပေမယ့် ဆေးရုံရောက်ခါနီး သြဂုတ်လ ၄ရက် မနက် ၉နာရီလောက်မှာတော့ အဆိုပါ ရဲဘော် ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“သူထိသွားတော့ သူလုံးဝ လမ်းမလျှောက်နိုင်တော့ဘူး။ သူ့ရဲဘော်ရဲဘက်တွေကတော့ သူ့ကိုမရရအောင်တော့ ဆွဲထုတ်ခေါ်ခဲ့ပါတယ်။ ၃ ရက်နေ့မှာ ထိသွားတာ၊ ထိပြီးပြီးချင်း မကျဘဲနဲ့ ကျနော်တို့ ဆေးရုံကြီးရောက်ခါနီးမှာ ကျသွားတယ်။ ၄ ရက်နေ့မှာကျသွားတာ။” လို့  ပခုက္ကူခရိုင် အမှတ် – ၄ တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ယောက်က မောင်းကိုပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ဟာ ဝမ်းခိုင် (ခ) IC ဆိုသူဖြစ်ပြီး သူဟာ တပ်ဖွဲ့အတွက် အားကိုးရတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ ဩဂုတ်လ ၅ ရက်နေ့မှာ သဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကျန်ရှိခဲ့တဲ့ ရဲဘော်တွေကတော့ ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လိုက်တိုက်ပွဲဝင်သွားဖို့ ကတိသစ္စာပြုကြောင်း ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမှာ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်၊ လက်နက် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၂ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး စစ်တပ်စစ်ကြောင်းက ငါ့သရောက်မြို့နယ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူတိုက်ပွဲ ၁၀ ရက်နီးပါးအထိ ကြာမြင့်လာပြီး စစ်တပ်ဘက်မှ ၃၆ ဦးထက်မနည်း သေဆုံးထား

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာဟာ ၁၀ ရက်နီးပါး ကြာမြင့်လာခဲ့ပြီလို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၇) မှ စစ်သား (၂) ဦး တနင်္သာရီမြို့နယ်ပကဖထံ အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်သား ၂ ယောက် လက်နက်နဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဒုံက စစ်ကောင်စီ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ ၄ ယောက် ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမဘေး၊ နိုင်ငံရေးမှတ်တိုင်အနီးက စစ်ကောင်စီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မနေ့က နိုဝင်ဘာ ၇ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပျူရွာကို လေယာဥ်နဲ့ချပေးတဲ့ ရိက္ခာတချို့ တော်လှန်ရေးရဲဘော်တွေရရှိပြီး ရိက္ခာထုပ်ထဲက ဆန်တွေ လုံးဝစားလို့မရအောင် ပိုးထိုးနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေဆီ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချလာပေးတဲ့ ရိက္ခာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပုံတောင်တိုက်ဂါး PDF တပ်ဖွဲ့နဲ့ Eagle Wings Drone Force တပ်ဖွဲ့တို့က ရရှိခဲ့ကြောင်း သိရပါတယ်။
Read More

ရေဦးက စစ်ဘေးမီးဘေးသင့် ပြည်သူတွေကို စောင်ခြုံတွေ လှူဒါန်း (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က စစ်ဘေးသင့် မီးဘေးသင့် ပြည်သူတွေကို "ကံစမ်းရင်းလှူ လှူရင်းကံစမ်းကြသူများ" နဲ့ "ကြယ်ငါးကောက်သူများအဖွဲ့" တို့ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ "ဒီပဲယင်းမြိုနယ်ညီနောင်များ" ရဲ့ကိုယ်စား ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) တို့အဖွဲ့က အနွေးခြုံစောင်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။