သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မကြာခင် ကျရောက်တော့မယ့် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုကို ပြည်ပရောက်မြန်မာတွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က မနေ့က ထုတ်ပြန်ပါတယ်။

သြစတြေးလျနိုင်ငံ၊ Sydney မြို့ရောက် မြန်မာနိုင်ငံသားတွေက ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအ မှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံရောက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်တဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း ၃၇ နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံနေ့အကြိုအထိမ်းအမှတ်ဂုဏ်ပြုပွဲနဲ့ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက်ချီတက် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၈၈၈၈ အထိမ်းမှတ်ဂုဏ်ပြုပွဲနဲ့ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက်ချီတက်ဆန္ဒပြပွဲကို ဆိုးလ်မြို့ရှိ အကြမ်းဖက်စစ်သံရုံးအနီး သတင်းစာရှင်းလင်းပွဲနဲ့အတူ ကျင်းပပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ စစ်သံရုံးကိုလည်း အိတ်ဖွင့်ပေးစာပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါလှုပ်ရှားမှုကို တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ ကလေးကဘော်အဖွဲ့၊ Yaw Funding Korea၊ Aung Zay Ya Supporting -Group ၊ ဗိုလ်သံချောင်းထောက်ပို့အဖွဲ့၊ မြင်းခြံ G-Zထောက်ပို့အဖွဲ့နဲ့ တောင်ကိုရီးယားနိုင်ငံရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေး အစည်းအဝေးနှစ်ခု လာမယ့်အပတ်ထဲ ကျင်းပမည်ဟု အာဆီယံ ပြော

အာဆီယံအနေနဲ့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေး အထူးအစည်းအဝေးနှစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံ အဓိကကျတယ်လို့ ထိုင်းပြော

စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး အာဆီယံက အဓိကကျကြောင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်တရာက တနင်္လာနေ့မှာပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။
Read More

အုန်းဖျန်ဗုံးပေါက်ကွဲမှု ဝမ်းနည်းရှုတ်ချကြောင်း KNU ထုတ်ပြန်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

မဲဆောက်မှာ ဟိုတယ်၊ မိုတယ်နဲ့ လူနေတန်းလျား ၁၃၁ နေရာကို ထိုင်းအာဏာပိုင်တွေ စီမံချက်နဲ့ ဝင်ရောက်စစ်ဆေး

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတစ်၀န်း ရေဘေးသင့် ပြည်သူတွေအတွက် WFP နဲ့ EU က အရေးပေါ်အကူအညီထောက်ပံ့မှုတွေ ပေးအပ်မယ်

နိုင်ငံတစ်ဝန်းက ရေးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ အီးယူက မြန်မာနိုင်ငံထံ အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။