ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအောက်စျေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၄ ရက် မနက်ပိုင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအောက်စျေးအတွင်း လုံးခင်းအုပ်စုသပိတ်က ရှောင်တခင်ဆန္ဒပြခဲ့ကြပြီး အကြမ်းဖက်စစ်တပ်တပ်နဲ့ အပေါင်းအပါ ပြည်သူ့စစ်၊ SNA တို့က လူမျိုးရေးအသွင်ဆောင်တဲ့ ဖိနှိပ်မှုတွေ ဆောင်ရွက်နေတာတွေကို ဆန့်ကျင်ကြောင်း၊ ကုန်စည်ရိက္ခာ၊ ဆေးဝါးဖြတ်တောက်ပိတ်ဆို့တဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

Video-Tarlin Mg

0 Shares:
You May Also Like
Read More

ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားသည့် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း PDF Pekhon ထုတ်ပြန် (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတွေ တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ PDF Pekhon က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ Fixed Wings Droneတွေနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မော်လိုက်မြို့နယ်ရှိ ထော်သာစခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ထော်သာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းတွေကို KIA ပူးပေါင်းတပ်တွေ တိုက်ထုတ်ပြီး မြို့ကို ထိန်းချုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ထုတ်ပြီးတဲ့နောက် မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆီမီးထွန်းညှိသရုပ်ဖော်အခမ်းအနားကျင်းပ (ရုပ်/သံ)

သီတင်းကျွတ်အခါသမယအချိန်မှာ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆီမီးထွန်းညှိသရုပ်ဆောင်အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဖြူတွင် ပစ္စည်းခိုး မီးရှို့နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်တာ တိုက်ပွဲဖြစ်၊ စစ်သားအများအပြား သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပစ္စည်းခိုးယူ မီးရှို့ဖျက်ဆီးနေတဲ့ အင်အား ၂၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။