မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၃၁ ရက်က ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ဂိတ်မှ သာစည်ဂိတ်သို့လာတဲ့ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီယာဉ်တန်းကို ကိုးပင်-သာဂရလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်သားနဲ့ ရဲ ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် (၅) တပ်ရင်းက PDF ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း

0 Shares:
You May Also Like
Read More

ပြိုကျခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားဟု ဆို (ရုပ်/သံ)

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ယနေ့မတ်လ ၂၉ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းတော် မြို့မဘုန်းကြီးကျောင်းကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ မြို့မဘုန်းကြီးကျောင်းကို ဧပြီလ ၁ ရက်နေ့တုန်းက စစ်ကော်မရှင်ရဲ့ တိုက်လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။
Read More

“စက်လက်စုံညီ ရှေ့သို့ချီ” ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ယင်းမာပင် ပကဖ ဖိတ်ခေါ် (ရုပ်/သံ)

အညာဒေသမှာ စနစ်တကျ စုဖွဲ့ပြင်ဆင်မှုတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် “စက်လက်စုံညီ ရှေ့သို့ချီ" ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ ယင်းမာပင်ခရိုင် ပကဖ က ဖိတ်ခေါ်လိုက်ပါတယ်။
Read More

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီ တပ်မ ၃၃ နှင့် အုန်းတော ၆၀၀၅ တင့်ကားတပ်တို့ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ တပ်မ ၃၃ နဲ့ အုန်းတော ၆၀၀၅ တင့်ကား တပ်တို့ ပူးပေါင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့ YOUNG WOLF PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မလှိုင်မြို့နယ် သုံးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ၂ ယောက် သေကာ ၁ ယောက် ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သုံးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါ ၄ ဦး ဒဏ်ရာရပြီး ဆီဘောက်ဆာ ကား ၂ စီး မီးလောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဒိုးပင်ရွာအနီး စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။