မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ပဲခူးရိုးမပေါ် အလောင်းလာသယ်တဲ့ စစ်ကောင်စီကားအပါအဝင် ရှေ့ပြေး ရဲကားကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်သားနဲ့ရဲ ၁၉ ယောက်ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က မကွေးတိုင်း အရှေ့ခြမ်း ပဲခူးရိုးမပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ ဆင်ပေါင်ဝဲမြို့ဘက်ကနေ စစ်ဖောကား ၁ စီးနဲ့ လာရောက်သယ်ယူဖို့ကြိုးစားချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီနဲ့ တော်လှန်ရေးတပ်တွေက ဓနုံးမြောင်ဂိတ်နဲ့ ဝါးစေ့မြောင်ဂိတ်ကြားလမ်းပိုင်းတစ်နေရာကနေ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကားပျက်စီးပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၃၁ ရက် ညနေပိုင်းမှာလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ရဲစခန်းကနေ တက်လာတဲ့ ရဲကား၁စီးကို ကိုးပင်နဲ့ သာစည်ဂိတ်ကြားလမ်းပိုင်းတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီနဲ့ တော်လှန်ရေးတပ်တွေက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုမှာလည်း ရဲကားပျက်စီးပြီး ရဲ ၄ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

“ဖြစ်စဥ်က ၂ခုပါ။ ၂၉ရက်နေ့က နေပြည်တော်ကနေ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုဖြစ်တယ်။ အဲ့ဒီတိုက်ပွဲမှာ မပါတာကလည်း စစ်ကူခေါ်လို့သွားတဲ့အချိန် စခစစ်ကြောင်းဆုတ်သွားလို့ပါ။ ဆင်ပေါင်ဝဲဘက်ကနေ အလောင်းသယ်တဲ့စစ်ကားကို ပဒေသာမိုင်းတွေခွဲခဲ့တာပါ။ ၃၁ရက်နေ့ကကျ ရှေ့ပြေး ရဲေ-ွးကားကို ဆွဲခဲ့တာပါ။ ပဒေသာမိုင်း ၄လုံးတွဲ အရှည်ဆွဲတော့ ထိခိုက်သေဆုံးမှုတွေများခဲ့တာပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ တာဝန်ရှိသူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကို သရက်ခရိုင် အမှတ်၅ တပ်ရင်း(ဆင်ပေါင်ဝဲမြို့နယ်) နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီ (တောင်တွင်းကြီး)၊ ဆင်ပေါင်ဝဲမြို့နယ် ပကဖနဲ့ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နတ်တောင်တာဝါတိုင်စခန်းကုန်းကို AA သိမ်းပိုက်၊ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီး ၂ စီးနှင့် ဒရုန်းများကို AA ပစ်ချ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နတ်တောင်တာဝါတိုင်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တောင်သာမှာ ခရီးသွားပြည်သူများကို ရိုက်နှက်ပစ္စည်းလုယက်နေသည့် အဖွဲ့ကို တောင်သာ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အနောက်ခြမ်းမှာ ခရီးသွားပြည်သူတွေကို ရိုက်နှက်ပြီး ပစ္စည်းလုယက်နေတဲ့အဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

Simple Blogမြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ စျာပနအခမ်းအနား

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မကွေးတိုင်းအခြေစိုက် Earthquake People's Defence Force ရဲ့ တပ်စိတ်မှုး ရဲဘော် အသေးလေး ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သိန်းခွန်းကျေးရွာအနီး စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်၊ စစ်တပ်က ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိိန်းခွန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၂ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ‎ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဒီဇင်ဘာလအတွင်း တီးတိန်မှာ CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့ထံ စစ်သားနဲ့ရဲ ၄ယောက် အလင်းဝင်လာ၊ တပ်ဖွဲ့ပိုင် ဆိုင်ကယ်ခိုးယူသူတွေကိုလည်း လိုက်လံဖမ်းဆီးနိုင်ခဲ့

ဒီဇင်ဘာလအတွင်း CDF Civil Defense Militia - CDM- Siyin တပ်ဖွဲ့ထံ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်ရောက်လာသလို တပ်ဖွဲ့ဝင်ရဲ့ဆိုင်ကယ် ခိုးယူသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်ပံတန်းတွင် စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာသည့် စစ်သားနှင့်ရဲများ တိုက်ခိုက်ခံရကာ ၂ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာကြတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး လက်နက်နဲ့ ငွေကြေးတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂⁩) က သတင်းထုတ်ပြန်ပါတယ်။