ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အရပ်သားအစိုးရလက်ထက်မှာ ဝယ်ယူခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမှတ်(၈)အစုန် DEMU လူစီးရထားကို ခရီးသည်တွေနဲ့အတူ လိုက်ပါစီးနင်းခဲ့တယ်လို့ စစ်တပ် လော်ဘီ သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်တို့ ဇနီးမောင်နှံဟာ နေပြည်တော်ကနေ ထွက်လာခဲ့တဲ့ Diesel Electric Multiple Unit-DEMU လူစီး အမြန်ရထားနဲ့ တောင်ငူမြို့ကနေ ရန်ကုန်ဘူတာကြီးအထိ လိုက်ပါစီးနင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အစိုးရလက်ထက်မှာ ဝယ်ယူထားတဲ့ ရထားပေါ် လိုက်ပါစီးနင်းပြကာ သူတို့ရဲ့ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ တိုးတက်နေသဖွယ် ခရီးသွားပြည်သူတွေကို လိုက်လံနှုတ်ဆက်နေခဲ့တာပါ။

အရပ်သားအစိုးရအနေနဲ့ ရန်ကုန်မြို့တွင်း မြို့ပတ်ရထားပြေးဆွဲဖို့အတွက် ၂၀၂၀ ခုနှစ်က ဝယ်ယူခဲ့တဲ့ DEMU ရထားတွဲကို အကြမ်းဖက်စစ်ကောင်စီက ရန်ကုန် – ပဲခူးပြောင်းလဲပြေးဆွဲခဲ့တာကြောင့်လည်း ခရီးသွားပြည်သူတွေ အခက်အခဲ တွေ့ကြုံခဲ့ရပါသေးတယ်။

NLD အစိုးရလက်ထက် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် ၁ (ရန်ကုန်-တောင်ငူ ၂၆၅ ကီလိုမီတာ) အတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က ချေးငွေ ဂျပန်ယန်း ၁၂၄.၆၆၃ ဘီလျံသုံးစွဲခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ် စီမံကိန်းအဖြစ် သတ်မှတ် လုပ်ဆောင်ဖို့ လျာထားခဲ့တာ ဖြစ်ပါတယ်။

NLD အစိုးရအနေနဲ့ ဒီဇယ်လျှပ်စစ်နှစ်မျိုးသုံး (DEMU) ရထားတွေကို ဝယ်ယူမယ့် အဆိုပါစီမံကိန်းနှစ်ခုအတွက် ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ဂျပန်ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်၊ ဗျူဟာမှူးအပါ စစ်သုံ့ပန်းများနှင့် လက်နက်ကြီးပါ ရရှိ

ဘီးလင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း အယောက် ၂၀ ကျော် ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ချပ်သင်းအထိုင်စခန်းမှ ထွက်လာသည့် စစ်အုပ်စု စစ်ရှောင်လင်မယားကို သတ်ဖြတ်ကာ စစ်ရှောင်တဲ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းက ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ဘေးရှောင်နေတဲ့ လင်မယား ၂ ယောက်ကို သတ်ဖြတ်ကာ စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ပါတယ်။
Read More

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ကလေးခရိုင်အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) ၏ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့

ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေအတွင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) က ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁၄ယောက် အသီးသီး ကျဆုံးထားကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) ဖြစ်ဟု NUG ဆို၊ NUG အပါအဝင် တော်လှန်ရေးအင်အားစုများအား အတိုက်အခံ၊ အစိုးရအားပုန်ကန်သူ ဟု ခေါ်ဝေါ်သုံးစွဲခြင်းများ မပြုရန် တောင်းဆို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ခံထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့အာဏာကို လုယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူ (Enemy of the State) ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
Read More

စလင်းမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅ မြို့နယ်အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ…

မကွေးတိုင်းအခြေစိုက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း - ပကဖ) ရဲ့ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ဖြူးလမ်းမကြီးဘေး ကျေးရွာများတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ရဲနှင့်စစ်သား ၈ ဦး​ သေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ ဖြူးလမ်းမကြီးဘေး လေးအိမ်စုရွာတို့မှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။