ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သွားကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သြဂုတ်လ ၂ရက်၊ မနေ့ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကိစ္စတွေ လုပ်ဆောင်ပေးနေတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးက လုံခြုံရေးစစ်သားတွေရှိရာကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို မြို့ပြပြောက်ကျားတပ်ဖွဲ့ ၂ခုဖြစ်တဲ့ Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Yangon Army (YA) ကတော့ ရှေ့ဆက်ပြီး စစ်ကောင်စီပစ်မှတ်တွေနဲ့ တရားမဝင် ရွေးကောက်ပွဲအတွက် ပါဝင်ပတ်သက်နေသူတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ပြောထားပါတယ်။

” ဆော်ပြီးနောက်ပိုင်း ထုံးစံအတိုင်း လမ်းတွေပိတ်စစ်ဆေးတာတွေ လုပ်ပါတယ်.. နောက်ဆက်တွဲကတော့ ခွေးတွေ ထိဖို့များတယ်ဗျ။ သေချာတိုက်ခိုက်ခဲ့တာဆိုတော့လေ။ တိုက်ခိုက်ခဲ့တာကလည်း အဲ့ရုံးမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သင်ကြားမှုတွေ လုပ်နေတယ်လို့သတင်းရတယ်.. ပြည်သူတွေအနေနဲ့ မိမိပတ်ဝန်းကျင်က တရားမဝင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းကိစ္စတွေ လုပ်ဆောင်နေတာတွေကို သိရှိသမျှ လာရောက်သတင်းပေးမှုတွေအပေါ်မှာလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်.. နောက်လည်း သိရှိသမျှ သတင်းတွေပေးကြဖို့လည်း တိုက်တွန်းပါတယ်”လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နမ္မတူမြို့နယ် မန်လီဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး သံဃာတော်များ ရွာထဲနေအိမ်များတွင် ခေတ္တသွားရောက် သီတင်းသုံးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ မန်လီကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန်လီကျောင်းထိုင်ဆရာတော်ထံက သိရပါတယ်။
Read More

ယဉ်ကျေးလိမ္မာ သင်တန်းတက်ရင်း ငလျင်ကြောင့် ပြိုကျ ပိတ်မိနေသည့် ကလေးမလေး ၂ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့၊ ၁၃ ဦး သေဆုံးခဲ့ရရှာ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာမှာ ပိတ်မိနေတဲ့ ကလေးမလေး ၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

နောင်ချိုနဲ့ ပြင်ဦးလွင်အစပ်မှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်တပ်မိသားစုအသိုင်းအဝိုင်းတွေ ဒုတိယအကြိမ်ပြောင်းရွှေ့နေကြ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဂန့်ဂေါရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေဖြ​စ်ပွားနေချိန် ဘယ်လောက်မှမဝေးတော့တဲ့ ပြင်ဦးလွင်မြို့နယ်မှာ စစ်တပ်အသိုင်းဝိုင်းမိသားစုဝင်တွေ ပြောင်းရွှေ့နေကြသလို စစ်ကောင်စီကလည်း ခုခံစစ်အတွက် အထူးသတိပြုနေကြတယ်လို့ သိရပါတယ်။
Read More

နပခ (အမ်း) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူးအပါအဝင် ဗိုလ်မှူးချုပ်၂ ဦးကိုပါ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ AA ကတရားဝင်ထုတ်ပြန်

အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက်မှာ အာရက္ခတပ်တော် AA ကထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်း – အုတ်တွင်းလမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်များ ဖျက်ဆီး 

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အပိုင်ထဲက  ပေါက်ခေါင်း - အုတ်တွင်း လမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အဖြေလွှာများ ပျက်စီးမှုအတွက် စာမေးပွဲ ပြန်ဖြေခိုင်းမည့် စစ်ကောင်စီ၏ အစီအစဉ်အပေါ် ဝေဖန်မှုများ မြင့်တက်နေ

ငလျင်ဒဏ်အကြား မီးလောင်ပျက်စီးခဲ့တဲ့ အဖြေလွှာတွေအတွက် ကျောင်းသားကျောင်းသူတွေကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းတာဟာ လုံးဝမဖြစ်သင့်ဘူးလို့ ပညာရေး CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားမိဘတွေက စစ်ကောင်စီကို ပြောဆိုဝေဖန်နေ​ကြပါတယ်။