စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force – UHF က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၈ ရက်က မုံရွာ-မန္တလေး လမ်းပိုင်းရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းမှာ တာဝန်ကျနေတဲ့ ဒုတပ်ကြပ် ၁ ယောက်က သေနတ် ၁ လက်ယူဆောင်လာပြီး UHF တပ်ဖွဲ့ဆီ အလင်းဝင်ရောက် လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ ဒုတပ်ကြပ် ၁ ယောက်က  MA-3 သေနတ် ၁ လက် ၊ ကျည်ဘောက်  ၂ ခု ၊ 5.56mm ကျည်  ၄၀ တောင့်တို့ကို ယူဆောင်လာတာကြောင့် ဆုကြေးငွေကျပ် သိန်း ၄၀ ဂုဏ်ပြု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုတွင် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုရဲ့ စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်မှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး - KNU က ဒီနေ့မနက်ပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

တန့်ဆည်တွင် တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရထားကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံးပန့်တွေ ဖမ်းဆီးရမိထားတယ်လို့ အမှတ်(၁)စစ်ဒေသ၊ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငါးသရောက်မြို့က စစ်ကောင်စီရဲ့ ရုံး ၄ ရုံးကို တော်လှန်ရေးတပ်တွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း တောင်သာ ပကဖ ထုတ်ပြန်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါးသရောက်မြို့က စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ လက်အောက်ခံ ရုံးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာနှင့်စစ်ကူပို့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ်က တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာနှင့်စစ်ကူပို့အတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။