စစ်ကိုင်းတိုင်း၊ ဘုတလက်မြို့နယ်တွင်းက ၂ နှစ်ကျော်တိုင် စစ်ဘေးတိမ်းရှောင်ရတဲ့ ကျေးရွာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၂ ရက် နံနက် ၉ နာရီခွဲလောက်မှာ နမခ ကနေတက်လာတဲ့ paramotor စက်တပ်လေး ၁စီးဟာ မြို့ပေါ်ကျေးရွာအား ဗုံးသီး ၄ လုံး နဲ့ လာရောက်တိုက်ခိုက်ခဲ့လို့ နေအိမ်တစ်ချို့ ထိမှန်ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်တဲ့ဟာတော့ ဒီနေ့မရှိပါဘူးဗျ၊ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကတော့ ဆော့ဒုံးပစ်ခတ်တာတွေတော့ရှိတယ်၊ ပစ်တာကလည်း ဒီရွာက ပစ်တယ်လို့မဆိုလိုဘူး၊ သူတို့ဝန်းကျင်က ပစ်တာဆိုတော့ သူတို့ထင်တဲ့နေရာကို ပါရာမော်တာ နဲ့ ၁၂၀ မမ ၂ လုံး ၄ လုံး နဲ့ ချသွားတာ ၂ လုံးကတော့ အိမ်ထဲမှာကျတယ်၊ ၂ လုံးကတော့ စာသင်ကျောင်းရဲ့ အနောက်ဘက်ယာခင်းထဲမှာ ကျတယ်” လို့ ဘုတလင်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

မြို့ပေါ်ကျေးရွာဟာ နမခ နဲ့ နီးတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာထဲကို မကြာခဏ စစ်ကြောင်းထိုးတာမျိုးတွေ ပြုလုပ်တဲ့အတွက် ဒေသခံတွေဟာ ကျေးရွာထဲမှာ မနေရဲတော့ပဲ ရွာ ပြင်မှာ နေထိုင်နေတာ ၂ နှစ်ကျော် ရှိပြီးဖြစ်တယ်လို့ သိရပါတယ် ။
ရွာထဲကို ဝင်တဲ့အချိန်မျိုးမှာလဲ သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေကို အကြောင်းကြားရပြီး တိကျတဲ့ အချက်အလက်များ ခိုင်လှုံမှသာ ကျေးရွာထဲ ဝင်ရောက်ခွင့်ပြုတယ်လို့ ဆိုပါတယ်။

“ရွာထဲမှာတစ်ခါတစ်လေ အကြောင်းရှိမှ ကာကွယ်ရေး ၊ အုပ်ချုပ်ရေး ၊ အစရှိတဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကို ပြောပြီးမှဝင်ရတယ် ..တစ်ဦးတစ်လေပေါ့၊ ဒါတောင်အကြောင်းအရင်း ခိုင်မာမှ အဲလိုလေးပဲ အဝင်အထွက်ရှိတာပေါ့” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

မြို့ပေါ်ကျေးရွာက ဒေသခံတွေဟာ ရွာပြင်မှာတဲထိုးကာ နေထိုင်ကြပြီး စားသောက်ဖို့အတွက် လယ်ယာလုပ်ငန်းများကို အဓိက လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေဟာ paramotor စက်တပ်လေထီးများ နဲ့ အကြိမ်ရေများစွာ လာရောက်ပစ်ခတ်ခဲ့သလို နေအိမ်တွေလည်း မီးရှို့ခံရတာ ၅ ကြိမ်ခန့်ရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ပုံစာ – မြို့ပေါ်ရွာကို စစ်အုပ်စုက စက်တပ်လေထီး နဲ့ ပစ်ခတ်သွားအပြီး မြင်တွေ့ရပုံ
0 Shares:
You May Also Like
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၏ မွမ်းမံသင်တန်းဆင်းပွဲတွင် ယူနီဖောင်းတပ်ဆင်…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်း-ကယား (ကရင်နီ) တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၄) လက်အောက်ခံ အမှတ် (၁၀၁) တပ်ရင်း ၊မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ခွဲ(၄)ဝံပုလွေတပ်ခွဲက မွမ်းမံသင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်ပေးပွဲကို စက်တင်ဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မြို့နယ်ပအဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကနီ ချောင်းမတိုက်ပွဲမှ ထွက်ပြေးလာသည့် ဒုတပ်ကြပ်အပါအဝင် စစ်သား ၃ ဦးကို အရှင်ဖမ်းမိ အသေဖမ်းမိသူများလည်း ရှိသလို လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့

“စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိထားတာဖြစ်လို့ သုံ့ပန်းဥပဒေတွေအတိုင်း တာဝန်ရှိသူတွေထံကို လွှဲပြောင်းပေးသွားမှာပါ။ လက်ရှိကတော့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးဖြစ်လို့ ပုံမှန်အတိုင်း လည်ပတ်နေကြပါပြီ” လို့ ULF V 02 သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ရာအိမ်မှူးကို သဲကုန်းပကဖ ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်း ဆိုသူကို စစ်ကောင်စီတပ်တွေ အလိုကျ မလုပ်ဆောင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပကဖ က ထုတ်ပြန်ထားပါတယ်။ 
Read More

စစ်အာဏာသိမ်းမှုကြောင့် လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲနဲ့ လူမှုအကျပ်အတည်းတွေကိုပါ ခံစားနေရဟု UNOCHA က ထုတ်ပြန်

မြန်မာ့လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာအခက်အခဲအပြင် လူမှုအကျပ်အတည်းမျိုးစုံ တပြိုင်နက်တည်း ရင်ဆိုင်ခံစားနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကအသိပေးထုတ်ပြန်ပါတယ်။ 
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။