ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီး ထိမှန်ပျက်စီးခဲ့ပြီး ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ဇူလိုင် ၂၉ ရက်က ရွှေကူမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သင်္ဘော ၁စီးနဲ့ ရိက္ခာတွဲသင်္ဘော ၁ လက်နက်ကြီး ထိမှန်ခဲ့တဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

စစ်သင်္ဘောဟာ လက်နက်ကြီးတွေ ထိမှန်ကာ တိမ်းစောင်းသွားပြီး ရိက္ခာတွဲသင်္ဘောကလည်း လက်နက်ကြီးတွေ ထိမှန်ပြီး ဆက်လက်ခုတ်မောင်းသွားတာကို ရုပ်သံဖိုင်အတွင်း တွေ့မြင်ရပါတယ်။ 

အဆိုပါစစ်ကောင်စီသင်္ဘောအုပ်စုဟာ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရွှေကူမြို့ဆိပ်ကမ်းသို့ ပြန်လှည့်ကာ ဆိုက်ကပ်ထားတယ်လို့ သိရပါတယ်။

Video – Htet Myat

0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးပြီး စစ်သုံးပစ္စည်းအချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း အင်အား ၄၀ ဝန်းကျင်ရှိတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း ၃၅၀၄ - ရေတာရှည်မြို့နယ် အခြေစိုက်မှ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းအနောက်ဘက်ခြမ်းမှာ သီးစား တောင်သူတွေဆီ ငွေလာကောက်တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လုံခြုံရေး တပ်ခွဲ (၂) ရဲ့တပ်ကြပ်ကြီး မြင့်လွင်ကို ရေတာရှည်မြို့နယ်အခြေစိုက်တပ်ရင်း-၃၅၀၄ က လက်ရအရှင်ဖမ်းဆီးခဲ့ပါတယ်။
Read More

အမျိုးသားလွတ်မြောက်‌ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကဘော်ဒေသ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ညောင်းကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ Aung San's Land Natmaukမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမှာ တပ်ချိန်းဖို့သွားတဲ့ အကြမ်းဖက် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁၆ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဂုံညင်းဆိပ်ကျေးရွာအနီး တပ်ချိန်းဖို့သွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ယောက်သေပြီး ၈ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနှင့် ခလရ ၁၀၄ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနဲ့ ခလရ ၁၀၄ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များ လုံခြုံရေးစစ်ဆေးမှုပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း ရန်ကုန်-ပြည်လမ်းပေါ်မှာ မတ်လ ၂၇ ရက်က ပြည်သူ့ကာကွယ်ရေး ဗျူဟာ (၂၂) ရဲဘော်တွေ လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။