စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သံပြားကာယာဉ် ၁ စီး ပျက်စီးခဲ့တယ်လို့ Black Eagle Defence Force – MMU က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၃ ရက် မနက်ပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ သံပြားကာယာဉ် ၈ စီးကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ သံပြားကာယာဉ် ၈ စီးအနက် ၁ စီးဟာ မောင်းနှင်မရတော့ဘဲ မြောင်လမ်းခွဲစခန်းမှာ ရပ်ထားခဲ့ရပြီး ကျန် ၇ စီးကတော့ စစ်ကိုင်းတပ်မ ၃၃ ထဲ ဝင်ရောက်သွားကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကိုတော့ မြေပြင်အခြေအနေအရ အသေးစိတ်မသိရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းမူမြို့နယ်ပကဖ က ဦးဆောင်ပြီး Black Eagle Defence Force(MMU)၊ အလ္လကပ္ပတိုက်နယ်ပကဖ၊ တော‌ချောင်းဦးတိုက်နယ်ပကဖ၊ မြင်းမူမြို့နယ်ပလဖ၊ တိုက်ဂါးလေး TGR (မြောင်)နဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Black Eagle Defence Force – MMU

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် နှောပင်ကျေးရွာကို အကြမ်းဖက်စစ်တပ် မီးရှို့၊ နေအိမ် ၇၅ လုံး မီးလောင် ပျက်စီးပြီး အဘွားအို ၁ ဦး မီးလောင် သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် မီးရှို့ဖျက် ခဲ့တာကြောင့် အိမ် ၇၅ လုံး မီးလောင်ပျက်စီးပြီး အသက် (၇၀)အရွယ် အဘွားအို  တစ်ယောက် မီးလောင် သေဆုံး ခဲ့တယ်လို့ မြိုင်ဒေါင်းမင်း မြေပြင် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဆီက သိရပါတယ်။ 
Read More

အင်းတော်တိုက်ပွဲမှ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅၀ ကျော် ဖမ်းမိထား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးနေကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း ဘယ်လိုတိုက်ခိုက်ခံခဲ့ရလဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပါတယ်။
Read More

ရှေ့တန်းရဲဘော်များအတွက် မိုးကာနှင့် လိုအပ်ချက်များ ဝယ်ယူနိုင်ဖို့ ထောက်ပို့ထီ အားပေးကြရန် KNDF/ B-15 မေတ္တာရပ်ခံ (ရုပ်/သံ)

မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ရှေ့တန်းရောက်ရဲဘော်တွေ လိုအပ်လာတဲ့ မိုးကာနဲ့ လိုအပ် ချက်တွေကို ဝယ်ယူဖြည့်တင်းနိုင်ဖို့ KNDF/ B-15 က ရောင်းချပေးနေတဲ့ ထောက်ပို့ထီကို ဝယ်ယူအားပေးကြဖို့ တော်လှန်ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ထုတ်လုပ်နေတဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို ထုတ်ပြန်ပြသ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်ထုတ်လုပ်နေတဲ့ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ ထုတ်လုပ်နေတဲ့ လက်နက်တွေကိုအကြောင်းတွေကို ပြည်သူ့ရဲဘော်လေးက ယခုလိုပဲ ရှင်း ပြခဲ့ပါတယ်။
Read More

ပြည်သူတွေ သခင်စိတ်မွေးကြဖို့ ဟောပြော (ရုပ်/သံ)

ရန်ကုန်မြို့စျေးတစ်ခုမှာ လူငယ်များသမဂ္ဂနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ စီစဉ်မှုနဲ့ ''သခင်စိတ်မွေးဖို့လိုပြီး''ခေါင်းစဉ်နဲ့ ဟောပြောမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။