ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ၆၇ ရပ်ကွက်ရုံးကို ချိန်ကိုင်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က သတင်းထုတ်ပြန်လာပါတယ်။

မနေ့က ဇူလိုင်လ ၂၉ ရက်မှာ အဆိုပါ ၆၇ ရပ်ကွက်ရုံးနဲ့ ရပ်ကွက်ရုံးအတွင်းက စစ်ကောင်စီလက်ပါးစေတွေကို ချိန်ကိုက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး OF အဖွဲ့ရဲ့ “Fire Power” အထူးစစ်ဆင်ရေးအနေနဲ့ လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ ချိန်ကိုက်ထားတာက ပထမအလုံး ခေါ်ခွဲပြီး လာစစ်တဲ့အနေအထားကို damage ၂လုံးသုံးပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ပထမအလုံး ခေါ်ခွဲတာပါ။ နောက်၂လုံးကတော့ တော်တော်ပြင်းပါတယ်။ ကျနော်တို့က ရုံးထဲ တိုက်ရိုက်တိုက်ခိုက်လို့ မရဘူးဗျ။ ပြည်သူအချို့ ဧည့်တိုင်ရှိတော့ မထိခိုက်စေချင်လို့ အနီးနားမှာ ခေါ်ခွဲ ခွဲပြီးမှ သူတို့ လာစစ်တဲ့အချိန်ကို ချိန်ကိုက်ခွဲခဲ့တာပါ” လို့ Operation Flame (OF) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်အတွင်း ရပ်ကွက်ရုံးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ နောက်လိုက် လက်ပါးစေဖြစ်တဲ့ ပျူစောထီးတွေ စစ်မှုထမ်းကိစ္စနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာတွေကို လုပ်ဆောင်နေတာကြောင့် ထိခိုက်မှုတချို့ရှိနိုင်ပြီး အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အခုလို မိုင်းခွဲတိုက်ခိုက်ပြီးတဲ့နောက် ညပိုင်းမှာ စစ်ကောင်စီက လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေရှိခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာတော့ စဥမှတ်တိုင်းနားမှာ စစ်ကားရပ်ထားကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးစဉ် စက်ဘီးစီးလာတဲ့ လူငယ် ၁ယောက်ကို ဖမ်းဆီးသွားတယ်လို့ ကနဦး သိရပါတယ်။

OF တပ်ဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကတော့ “ကျနော်တို့ ထုတ်ပြန်ထားသလိုပေါ့နော်…. အကြမ်းဖက် စစ်ကောင်စီရဲ့ ဟန်ပြ အတုအယောင် ရွေးကောက်ပွဲကို မဟာမိတ် ရန်ကုန်တော်လှန်ရေးအင်အားစုတွေနဲ့ အတူပူးပေါင်း တိုက်ဖျက်သွားမှာပါ။ ရန်ကုန် စစ်ဆင်ရေး အရှိန်မြှင့်သွားမှာပါ” လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

မန္တလေး ဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို NUG ကျန်းမာရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်…

မန္တလေး ဆေးတက္ကသိုလ်က CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မေလ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အလေးပြုအခမ်းအနား ပြုလုပ်…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ကစားစရာ သေနတ်နှင့် အမှုတည်ဆောက်ပြီး ၆ နှစ်ကလေးကိုပါ ဖမ်းထားသည့် စစ်ကောင်စီ 

စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀၀ ကျော် ထိုင်းဘက်ထွက်ပြေး

စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် သောကြာနေ့ကစလို့ အရပ်သား ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

ထီးထဗျူဟာစခန်း စခန်းသိမ်းအောင်ပွဲအကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။