မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

ချက်ချင်း အပစ်ရပ်ရေးအတွက် ပဋိပက္ခဖြစ်ပွားနေတဲ့ နှစ်နိုင်ငံစလုံးရဲ့ ခေါင်းဆောင်တွေက သဘောတူညီခဲ့တယ်လို့ အိမ်ရှင် မလေးရှားဝန်ကြီးချုပ် အီဘရာဟင်မ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ တင်းမာမှုလျှော့ချရေးနဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး ပြန်လည်ထူထောင်ဖို့ အရေးပါတဲ့ ပထမခြေလှမ်းဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သလို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကလည်း တိုက်ခိုက်မှုတွေ ချက်ချင်းရပ်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းယာယီဝန်ကြီးချုပ် ဖူထန်ဝိချာယာချိုင်းကတော့ ထိုင်းနိုင်ငံဟာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောထား ရိုးသားစွာနဲ့ ညှိနှိုင်းခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးကိုသာ လိုလားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက် ဒီညသန်းခေါင်ယံကစပြီး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေက သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ နှစ်နိုင်ငံစလုံးမှာ လူ ၃ သိန်းခန့် စစ်ဘေးရှောင်နေခဲ့ရတာလည်း ဖြစ်ပါတယ်။

(ဓာတ်ပုံ Getty Images)
0 Shares:
You May Also Like
Read More

အစ္စရေးနှင့် အီရန် တိုက်ပွဲဖြစ်ပွားမှု ၅ ရက်မြောက်မှာ အပစ်ရပ်ဖို့ အီရန် တောင်းဆို၊ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အီရန်ရှိ အကြီးဆုံး ယူရေနီယံသန့်စင်ရေးစက်ရုံ ထိခိုက်ပျက်စီး

အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကို အောက်တိုဘာ တတိယပတ်အတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ အောက်တိုဘာလ တတိယပတ်ထဲ တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၁၂ ယောက်အထိ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းမြန်မာနယ်စပ် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီတိုက်လေယာဉ် ရောက်လာတာကြောင့် ထိုင်းလေတပ်မှ တိုက်လေယာဉ် ၂စီး အရေးပေါ် စေလွှတ် ထိုင်းစစ်တပ် အချိန်ပြည့် ကင်းလှည့်ကာ အသင့်အနေအထားဖြင့် စောင့်ကြည့်နေ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ်အနီးကို မြန်မာစစ်ကောင်စီရဲ့ Yak-130 တိုက်လေယာဉ်ရောက်ရှိလာတာကြောင့် ကြားဖြတ်ရန် ထိုင်းအစိုးရဘက်မှ F-16 တိုက်လေယာဉ် ၂ စီးကို ထိုင်းလေတပ်ကနေ အရေးပေါ် စေလွှတ်လိုက်တယ်လို့ ထိုင်းတော်ဝင်လေတပ်ကနေ ထုတ်ပြန်ပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြောင်းဖို့ အာဏာသိမ်းစစ်တပ်က ထိုင်းကိုပြော

မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကို ထိုင်းကုန်စည်တွေ တင်သွင်းမှု တင်းကျပ်ထားတဲ့ အာဏာသိမ်းစစ်တပ်က ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ၎င်းတို့ကုန်စည်တွေကို ရနောင်းနဲ့ မယ်ဆိုင်နယ်စပ်ဂိတ်တွေကနေ တင်သွင်းဖို့ ပြောဆိုလိုက်ပါတယ်။
Read More

အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း ထုတ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြား

မြန်မာပြည်သူတွေအ‌ပေါ် စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေပြီး တဖက်မှာလည်း အတုအယောင် ရွေးကောက်ပွဲကို စီစဥ်ကာ ထွက်ပေါက်ရှာနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်း မှောင်ခိုရောင်းဝယ်ခဲ့ကြောင်း ဂျပန်ယာကူဇာခေါင်းဆောင် ဝန်ခံ

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေ မှောင်ခိုရောင်းဝယ်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ ဂျပန်ယာကူဇာဂိုဏ်း ခေါင်းဆောင်က သူ့မှာ အပြစ်ရှိကြောင်း ဇန်နဝါရီလ ၈ရက် ဗုဒ္ဓဟူးနေ့က ဝန်ခံခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။