အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

ဆားလင်းကြီးမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ (ဓားမဆိုင်းတပ်မတော်) နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ (တဇောက်ကန်းဘဂျမ်းတပ်ဖွဲ့) တို့ကို တပ်ရင်းတစ်ရင်းတည်းအဖြစ် ပေါင်းစည်းကြောင်း တပ်ရင်းမှူး ၂ ယောက်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာဖြစ်ပါတယ်။

“ယင်းမာပင် ခရိုင်တပ်ရင်း၂၈ ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၃၁ နှစ်ရင်း တစ်ရင်း ပေါင်းလိုက်ပါပြီ၊ ” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ရဲ့ တပ်ရင်းမှူး ဗိုလ်စွမ်း (ဓားမဆိုင်း) က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အညာဒေသမှာ တပ်ရင်းတွေ ဖောင်းပွနေတာကို လျော့ကျစေဖို့ စုစည်းညီညွတ်စွာ ဘုံရန်သူကို အားကောင်းကောင်းနဲ့ တိုက်ထုတ်ဖို့ အခုလို ပေါင်းစည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာပြည်သူအပေါ် စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကို အာဆီယံအနေနှင့် လျစ်လျူမရှုဖို့ NUG ပြော

မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းအခြေစိုက် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားခါးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံး ၂ နှစ်ကြိမ် ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆဲန်ထန်ဒေသ ၊ ဇာထာလ် ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်အုပ်စုက ဒီနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Senthang Revolution Force ကထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်ထက် တစ်မနက်အတွင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး ၃ မြို့မှာ ဓားပြတိုက်၊ လူသတ်မှုတွေ ဖြစ်ပွား

ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့နယ်တွေမှာ ဒီဇင်ဘာလ ၂၆ရက်၊  ဒီနေ့တစ်မနက်အတွင်းမှာပဲ ဓားပြတိုက်၊ လူသတ်၊ လုယက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။