မန္တလေးတိုင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်မှာ စစ်စခန်းတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေဆီ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။

MDY-PDF နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်တွေက စစ်စခန်းတွေပြန်လည်ရရှိဖို့ အကြမ်းဖက်စစ်ကောင်စီက မြေပြင်ကနေအင်အား စစ်ကြောင်းတွေထိုးနေတာဖြစ်သလို လေကြောင်းကနေလည်း အဆက်မပြတ် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၅ရက် ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာကို တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ Mi35 ရဟတ်ယာဥ် တွေအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ၅​ကြိမ်စီလုပ်ဆောင်သွားခဲ့ကြောင်း Voice of Mandalay က ဖော်ပြပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ် အယ်ဖာဘိလပ်မြေစက်ရုံ၊ အနောက်ကားကြီးကွင်းကိုလည်း တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာ၊ Mi35တွေနဲ့ ၅ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

” ဒီနေ့( ဇူလိုင်၂၅) တစ်ရက်ကတော့ ခါတိုင်းရက်တွေလောက် လက်နက်သံတွေ သိပ်မကြားရဘူး။ ဒါပေမယ့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်သံတွေတော့ ရှိပါတယ်” လို့ Voice Of Mandalay တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ(၂၀)ရက်နေ့မှာ ဂျက်ဖိုက်တာ (၃)ကြိမ် နဲ့ Y-12 (၁)ကြိမ် ၊ ဇူလိုင်လ (၂၁)ရက်နေ့မှာ ဂျက်ဖိုက်တာ (၄)ကြိမ် ၊ Y-12 (၃)ကြိမ် နဲ့ Mi-35 (၂)ကြိမ် ၊ ဇူလိုင်လ (၂၂)ရက်နေ့မှာ ဂျက်ဖိုက်တာ (၃)ကြိမ် ၊ Y-12 (၂) ကြိမ် နဲ့ Mi-35 (၁)ကြိမ်၊ ဇူလိုင်လ (၂၃)ရက်နေ့မှာ ဂျက်ဖိုက်တာ (၁)ကြိမ် နဲ့ Y-12 (၁)ကြိမ် လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး စစ်ကြောင်းထိုး၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပေမယ့်လည်း သိမ်းပိုက်ထားတဲ့ စစ်စခန်းတွေကို အပြည့်ဝထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ MDY-PDF က ဇူလိုင်၂၄ ရက်၊ မနေ့ညပိုင်းမှာ အသိပေး ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၁ ရက်ကနေ ၂၄ ရက်အတွင်း စစ်ကြောင်းပြန်ထိုးလာတဲ့ အကြမ်းဖက်စစ်တပ်တွေကိုတိုက်ခိုက်ရင်း DSA စစ်တက္ကသိုလ် အပတ်စဥ် (၅၄) ဆင်း ဖြိုးကျော် (ဒု-ဗျူဟာမှူးဟု ယူဆရသူ) နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ရဲ့ ရုပ်အလောင်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လောက်ကိုင်တိုက်ပွဲအတွင်း လက်နက်ချခဲ့တဲ့ လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ (၂၃၉) တပ်ရင်းဟာလည်း ပုသိမ်ကြီးမြို့နယ် တန်ပြန်ထိုးစစ်တိုက်ပွဲတွေမှာ ပါဝင်လာခဲ့ကြောင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေရဲ့အမှတ်တံဆိပ်အရ သိရတယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေအရ ထိတွေ့တိုက်ပွဲနဲ့လေကြောင်းရန်၊ လက်နက်ကြီးရန်တွေကြောင့် ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ်က မြကံသာ၊ ဝသုန္ဒရ နဲ့ ဒဟတ္တောစတဲ့ ရွာ၃ရွာက အရပ်သား ၄၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းတို့မှာ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းစကတည်းက အကျဥ်းချခံထားရသည့် နိုင်ကျဥ်း ၁ ဦး ထားဝယ်ထောင်တွင် နှလုံးဖောက် သေဆုံး

ထားဝယ်အကျဥ်းထောင်မှာ အောက်တိုဘာ ၃ ရက် ညပိုင်းက နိုင်ငံရေးအကျဥ်းသား ၁ယောက် နှလုံးဖောက်ပြီး သေဆုံးသွားခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံက ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းတွင် စစ်ကြောင်းထွက်လာသည့် စစ်အုပ်စုနှင့် PDF များ ထိတွေ့တိုက်ပွဲ ၃ နာရီကြာဖြစ်ပွား၊ စစ်အုပ်စုက ၈ ဦးသေပြီး အများအ​ပြား ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်း​မြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ နာရီကြာဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ Bamar Revolution Army-B.R.A ရဲ့ တပ်ခွဲမှူး ရဲဘော်လကျာ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဗန်းမော်မြို့နဲ့ အင်းတော်မြို့ အလုံးစုံ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းတိုက်ခိုက်နေသည်ဟု KIA ထုတ်ပြန်၊ ဗန်းမော်က အမြောက်တပ် ၃၆၆ တပ်ရင်း ၊ ကန်တော်စာသင်ကျောင်း၊ အမြောက်တပ် ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို KIA သိမ်းပိုက်ထား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၂၁ အပါအဝင် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကော်မရှင်မှ ရွေးကောက်ပွဲကို ထိခိုက်စေရန် လှုံ့ဆော်သူများကို အကြမ်းဖက် အရေးယူနေ၊ ဆက်ပြီး အရေးယူဖို့ စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ပြော…

အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်စာတွေ၊ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်စာတွေကို အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေသူတွေကို အရေးယူနေတယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်နောင်က ပြောပါတယ်။
Read More

ရခိုင်ပြည်နယ် အပို့ခံထားရတဲ့ ဧရာဝတီတိုင်းက စစ်တပ်တွေ အသေအပျောက် များနေပြီး စစ်မှုထမ်းဥပဒေအရ သင်တန်းတက်ရောက်နေသူတွေ စစ်ကောင်စီ ပို့ပေးနေ…

ရခိုင်ပြည်နယ်၊ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်းတောမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ဧရာဝတီတိုင်း အခြေစိုက်တဲ့ တပ်ရင်းတွေ အပို့ခံထားရပြီး တိုက်ပွဲအတွင်းသေဆုံးတာ၊ ထွက်ပြေးတာနဲ့ အရှင်ဖမ်းဆီးခံရမှုတွေကြောင့် ဧရာဝတီတိုင်းထဲက စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းတတ်ရောက်နေတဲ့ စစ်သားသစ်တွေ ထပ်မံပို့ဆောင်ပေးနေရတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။