စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေဦးဆန်ဆိုင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးခဲ့ကြောင်း Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) တာဝန်ခံ ဂူးဂူးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့ပေါ်  ရေဦးဆန်ဆိုင်ဂိတ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဗိုလ် ၁ယောက်၊ ရဲအရာရှိ ၁ယောက်နဲ့ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သား ၂ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။  

ရေဦးဆန်ဆိုင်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်နေစဥ်

“ကျနော်တို့ ပစ်ခတ်နေတဲ့အချိန်မှာ ပြည်သူတွေရှိနေတာကော ကားတွေ ရှုပ်နေတာရောကြောင့် အချိန်အရမ်း နှောင့်နှေးခဲ့ရပါတယ်။ နောက်ပြီး ပြည်သူတွေကို ငဲ့တဲ့အတွက် လက်နက်ကောက်ယူဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။ သူတို့ဖက်က အရပ်သားကားနဲ့ ပြည်သူတွေကိုပါ လူသားဒိုင်းလုပ်ပြီး ပြန်လည်ပစ်ခတ်လာတာကြောင့် ကျနော် ရဲဘော်တွေကို ပြန်ဆုတ်ဖို့အတွက် အမိန့်ပေးခဲ့ရပါတယ်။” လို့ Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) တာဝန်ခံ ဂူးဂူးက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို မောင်းကိုပြောပြပါတယ်။

ဒီတိုက်ခိုက်မှုကို Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့)နဲ့အတူ GUARDIAN FORCES ၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တိုက်နယ်(၄) ပ.လ.ဖ ၊ Sagaing PDF စစ်ကြောင်း (၂)၊ Democratic Guerrilla Force (DGF) နဲ့ ၅/ဖိုက်တာအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

“ကျနော်တို့ ရဲဘော်တွေအတွက် လိုအပ်နေတဲ့ ကျည်ကာနဲ့ ဦးထုပ်တွေအတွက်လည်း လှူပေးဖို့ ပြည်သူတွေကို အကူအညီတောင်းခံချင်ပါတယ်။” လို့ Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) တာဝန်ခံ ဂူးဂူးက ပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

မိုးဗြဲတိုက်ပွဲတွင် အသက် ၂၁နှစ်ရွယ် ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီ မြင့်မြတ်စွာ ကျဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရှမ်းတောင် (ကယား) ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၆) တပ်ရင်းက ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီဟာ မိုးဗြဲမြို့ တိုက်ပွဲမှာ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ကို စစ်တပ်က ခေါ်ယူစစ်ဆေးနေ…

ရန်ကုန်မြို့ရှိ နာမည်ကျော် မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ကို နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ အဆိုတော်ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူတာကြောင့် စစ်တပ်က ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ဝေရေးသားနေပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြားတွင် စစ်အုပ်စု မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၄ ဦး သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်ကြားမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အကြမ်းဖက်စစ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သထုံခရိုင်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဘေးအလှူဆိုပြီး PDF အယောင်ဆောင်ကာ ငွေကြေးကောက်ခံမှုတွေရှိနေ

ပဲခူးတိုင်းထဲမှာ ရေဘေးကို အကြောင်းပြပြီး ပဲခူးတိုင်းလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ PDF အယောင်ဆောင်ကာ ရွှေဆိုင်နဲ့ ရတနာဆိုင်တွေကို မသမာသူတွေက ချိန်းခြောက်စာတွေပို့ကာ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။