ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အငြင်းပွားမှု ပြဿနာကြီးထွားလာပြီး နှစ်ဖက်စစ်တပ်တွေက လက်နက်ကြီးတွေ၊ လေကြောင်းတွေ အသုံးပြုကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။

ကမ္ဘောဒီးယားဘက်က ပစ်ခတ်လိုက်တဲ့ BM-21 ဒုံးကျည်ကြောင့် ထိုင်းနိုင်ငံရှိ PTT ဓာတ်ဆီဆိုင်နဲ့ 7-Eleven ကို ထိမှန်ပြီး အရပ်သား ၂ ယောက်သေဆုံးခဲ့ပါတယ်။ ထိုင်းစစ်တပ်ကလည်း တိုက်လေယာဉ်အသုံးပြုပြီး ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

ဒါကတော့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ကမ္ဘောဒီးယားကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို BM-21 ဒုံးကျည်တွေ ပစ်ခတ်နေတဲ့ ရုပ်သံဖိုင်တွေ ဖြစ်ပါတယ်။ 

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရသည့် စစ်သား ၇ ယောက် ဆားလင်းကြီးပအဖထံ အလင်းဝင် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ စစ်သား ၇ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကမ်းဖြူကျေးရွာ ဒေသခံအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့သည့် အကြမ်းဖက်စစ်သားများအား တိုက်ခိုက်မှု စစ်သား အများအပြားသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာက ဒေသခံအမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက် သေဆုံးပြီး PDF ရဲဘော် ၇ ယောက် ကျဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖ ကသတင်းထုတ်ပြန် ထားပါတယ်။
Read More

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ဖလမ်းမြို့ မြင်ကွင်း (ရုပ်/သံ)

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ပါတယ်။
Read More

မြဝတီ ချောင်းဆုံမြစ်တွင် လူငယ် ၄ ဦး ရေကစားရာမှ ပျောက်ဆုံးနေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ချောင်းဆုံမြစ်မှာ လူငယ် ၄ယောက် ရေကစားရာကနေ နှစ်မြုပ်ပျောက်ဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

မြင်းခြံတွင် ဆက်ကြေးကောက်ဖို့ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်၊ ၃ ဦး သေပြီး သေနတ် ၂ လက် ရရှိ(ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှားတောရွာမှ ထွက်လာသည့် စစ်တပ် တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင် တပ်တွေကို တိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။