မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၅စီးပါ စစ်ကောင်စီသင်္ဘော ၁၄ စီးအုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ တွဲတွန်းသင်္ဘော ၁ စီး နစ်မြုပ်ပြီး စစ်သင်္ဘော ၁ စီးနဲ့ အခြားတွန်းသင်္ဘော ၂ စီး မီးလောင်ပျက်စီးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၁၇ ရက်က ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော  ၅ စီးပါ သင်္ဘော ၁၄ စီး အုပ်စုကို  MDY PDF က မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေ တစ်‌လျှောက် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပါတယ်။ 

စစ်ကောင်စီက အဆိုပါသင်္ဘောအုပ်စုကို Y-12 လေယာဉ်၊ ဂျက်ဖိုက်တာ၊ Mi-35 ရဟတ်ယာဉ်တွေနဲ့ ထပ်ကြပ်မကွာ ဗုံးကြဲစောင့်ရှောက်ပေးခဲ့တဲ့ကြားကနေ MDY PDF ရဲဘော်တွေက တွဲတွန်းသင်္ဘော ၁ စီးကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သင်္ဘောနဲ့ အခြားတွန်းသင်္ဘော ၂ စီးကို မီးလောင်ပျက်စီးစေခဲ့တာ ဖြစ်ပါတယ်။

Video-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ခံများ အကြမ်းဖက်စစ်တပ်ကို လက်မခံကြောင်း သံပုံးတီး ဆန္ဒပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၆ ရက် မနေ့ည ၈ နာရီဝန်းကျင်ခန့်မှာ မြို့ခံ ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီကို လက်မခံနိုင်ကြောင်း သံပုံးတီးဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

တညောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းမှုအတွင်း ရဲ ၈ ဦး သေပြီး ၂ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် တညောင်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ ရဲ ၈ ယောက် သေဆုံးပြီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးကားလမ်းပေါ် မိုင်းရှင်းလင်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ‌ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မုံရွာ-မန္တလေးကားလမ်းမပေါ် ကန်ဖျားဇရပ်အနီး မိုင်းရှင်းလင်း ရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရဦ စစ်သား ၁ ယောက်သေဆုံးသွားတယ်လို့ Moe Nyo Revolution Force အဖွဲ့ထံက သိရ ပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း PLA ထပ်မံထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ (၂) ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ခမရ ၅၉၁ တပ်ရင်းမှကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။ သြဂုတ် ၂၈ ရက် နေ့လယ်ပိုင်းက ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းမှထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကျောင်းရွာ လမ်းပိုင်းအရောက် ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မှာ ဒီနေ့ ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။